Episodeနံပါတ်​ရှာရန်
Tuesday, January 31, 2017
Running Man Ep 336
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၃၆
 To Engage In Epic Battle Of Superpowers With Surprise Guest
ဒီတစ်ခါ Member Week No,4 ကိုတော့ ကြိုတင်ကြေငြာထားခြင်းမရှိခဲ့ပါဘူး
အစပိုင်းမှာတော့
"Yoo Jae Suk ရဲ့ Special ဖြစ်တဲ့ “Yoo-mes (James) Bond”
Comeback လုပ်ပေးခဲ့ပါတယ်
ဒီ Ep336  episode ကို
The episode will be a battle of superpowers,
လို့ နံမည်ပေးထားပါတယ်။
Members တွေကို သူတို့ရဲ့ best characters, တွေနဲ့ တွေ့ရမှာပါ ။ characters တွေထဲမှာ
"Sherlock, Thor, and Master of Time." တို့ပါဝင်ပါတယ်။
 “Yoo-mes Bond,”ရဲ့ special ဖြစ်တဲ့
Yoo Jae Suk ဟာ သူရဲ့လက်စွဲတော် water gun နဲ့ Member တွေရဲ့ Name tag ကို ပစ်ပြီး အမဲလိုက်ခြင်းစတင်မှပါ။
Lee Kwang Soo
Lee Kwang Soo ကိုလဲ သူရဲ့ perfect character ဖြစ်တဲ့
 “Kwang-vatar (Avatar),”
ကိုလဲပြန်မြင်ရမှာပါ။ Kwang Soo ကတော့လမ်းပေါ်မှာ အပြင်လူတွေနဲ့ Mission တွေ ပြုလုပ်တာကိုလဲတွေ့မြင်ရမှာပါ
 “Running Man” members တွေဟာ Movie ထဲက Original Character ထက်  ထူးခြားတဲ့ စွမ်းရည်တွေကို မြင်တွေ့ရမှာပါ။
members တွေအနေနဲ့  “Running Man Member’s Week” episode မှာ နောက်ကွယ်က ကြိုးကိုင်တဲ့သူ ရှိတယ်လို့ မထင်မိခဲ့ပါဘူး ။
သူတို့ရဲ့ Name Tag ကို တခြားတစ်ယောက် ရုတ်တရက် တိုက်ခိုက်တဲ့အချိန်မှာ အဲ့လူတွေဟာ "Lol- lol Clone " တွေနဲ့ Suprise  အဖြစ်ရောက်လာတဲ့ သူတွေကိုတွေ့ရပါတယ်
Lol Lol တွေနဲ့အတူ Suprise guest အနေနဲ့
ရောက်လာသူကတော့ အားလုံးမျှော်လင့်နေတဲ့
"Gary" ဖြစ်ပါတယ်
Gary ဟာ China ကနေ ပြန်ရောက်ရောက်ချင်းပဲ
 RM filming ရိုက်ကူးတဲ့အချိန်ကိုရောက်အောင် လာခဲ့တာဖြစ်ပါတယ်  ။
 Gary ဟာ သူ့ကို RM Member Week မှာပြန်လည်ဖိတ်ခေါ်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်လို့လဲ ဆိုခဲ့ပါတယ် ။
ဒီ Ep 336 မှာတော့ မမြင်တာကြာပြီးဖြစ်တဲ့ Running Man Hero တွေ ကိုပြန်မြင်ရမှာဖြစ်ပြီး
Hero တွေက ဘယ်လို အစွမ်းသတ္တိတွေနဲ့ ဘယ်လို Missionတွေထမ်းဆောင်ကြမလဲ!
ရုတ်တရက် ရောက်လာတဲ့ Gary ကြောင့် Member တွေ အံသားသင့်သွားတာလဲ မြင်ရအုံးမှာပါ
Special Guest Gary ဟာ Minutes 30 နီးပါသာ RM မှာပါဝင်လာပါတယ်
Gary ဟာ RM ကထွက်သွားပေမဲ့ မကြာမကြာ လာတဲ့အတွက် သူ့ကိုမေ့ဖို့အချိန်မရှိသေးပါဘူးတဲ့
နောက်ဆုံးမှာလဲ "Gary ပါမှ Running Man က အခုမှ ပြည့်စုံသွားတာ~ ပြန်လာခဲ့ပါGary တဲ့ "
"အားလုံးစုံမှ ""7012"" ကအဓိပ္ပါယ် ရှိပါတယ် "
လို့လဲ Member တွေဟာ Gary ကို သံယောဇဉ် ရှိကြပါတယ်
ဒါကြောင့် လဲ
"The member Can't let go of. Gary, and. he Can't leave~ Gary ကို ထွက်သွားခွင့်မပေးတဲ့ Member တွေရယ်,  မထွက်သွားနိုင်တဲ့ Gary ရယ် "
လို့ SBS က စားတန်းလေးထိုးပေးခဲ့ပါတယ်
Ep336 က Gary Special Week ဖြစ်ခဲ့ ပြီး
China New Year "Lunar Day " လက်ဆောင်အဖြစ် Runner တွေကို 7012 က နှစ်သစ်လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ် ။
(အညွှန်းကတော့ Nay Thurain ဖြစ်ပြီး ဘာသာပြန်သူကတော့ Ko,Sai ပါ)
Translated by Ko Sai
Encoded by Pyae Sone Moe
@ACM
Pcloud (560MB) 720p
Saturday, January 28, 2017
Roommate S1 E5
ကြယ်ပွင့်များရဲ့အခန်းဖော် အတွဲ ၁ အပိုင်း(၅)
Guests ...Park Chan Yeol (EXO), Hong Soo Hyun,
 Jo Se Ho, Lee Dong Wook, Lee So Ra, Na Na (After School),
 Park Bom (2NE1), Park Min Woo, Seo Kang Joon (5urprise),
 Shin Sung Woo, and Song Ga Yeon
တဖြည်းဖြည်း ကောင်းသထက်ကောင်းလာတဲ့ Roommate
သိပ်လည်း မညွှန်းတော့ပါဘူး
မကြည့်ရသေးလို့ ငိငိ
Translated by Ayenyeing Thu
Encoded by Mar Yar
Friday, January 27, 2017
Infinity challenge Ep-511
ကြယ်ပွင့်များရဲ့ စိန်ခေါ်ခြင်း အပိုင်း(၅၁၁)
ကိုရီးယားနိုင်​ငံမှာသာမက ကမ္ဘာ​နဲ့ တစ်​ဝမ်း​ကျော်​ကြားလှတဲ့
 BIG BANG အဖွဲ့ နဲ့ infinity challenge အဖွဲ့သား​တွေရဲ့ ​တွေ့ဆုံမှု​လေးပါ
ဒီအပိုင်း​လေးဟာ ခရစ်​စမတ်​ ပွဲ​တော်​ ကာလမှာ ရိုက်​ကူးခဲ့တဲ့ အပိုင်း​လေး
 ဖြစ်​ပြီး​တော့ အရမ်းကို စိတ်​ဝင်​စားစရာ​ကောင်းလှတဲ့ အပိုင်း​လေးပါ
အစပိုင်းမှာ​တော့ အဖွဲ့ နှစ်​ဖွဲ့ဟာ သရုပ်​​ဆောင်​မှု​တွေ ကို တစ်​ဖွဲ့နဲ့ တစ်​ဖွဲ့
ယှဉ်​ပြိုင်​ ကြပြီး​နောက်​ပိုင်းမှာ​တော့ ခံစားချက်​​တွေကို မဖုံးမကွယ်​ မလိမ်​မညာပဲ
BIG BANG အဖွဲ့ရဲ့ မထင်​မှတ်​ထားတဲ့ အ​ဖြေ​လေး​တွေကို ကြားရမှာပါ
ပြီးတဲ့ အခါမှာ​တော့ infinity challenge အဖွဲ့သား​တွေဟာ ခရစ်​စမတ်​ကာလဖြစ်​တဲ့
 အတွက်​​ကြောင့်​မို့ ပြည်​သူ​တွေကို လက်​​ဆောင်​​တွေ​ပေးဖို့ ပြင်​ဆင်​ကြပါတယ်
 ပြီး လက်​​ဆောင်​​တွေ သွား​ပေးကြမှာဖြစ်​ပါတယ်
အဆိုပိုင်းမှာသာမက dance ပိုင်းမှာလည်း နာမည်​ကြီးလှ​တဲ့ BIG BANG နဲ့
 infinity challenge ကDancing king ​တွေ ​တွေ့ဆုံတဲ့ အခါမှာ
ဘယ်​လိုမျိုး ရီစရာ​တွေ စိတ်​ဝင်​စားစရာ​တွေ ဖြစ်​လာမလဲ ဆိုတာ ဆက်​လက်​အား​ပေးကြပါအုံး
@ACM
Translated and Review by Ayenyeing Thu
Encoded by Yu KiKo (Ein Arr)
Pcloud HD
Tuesday, January 24, 2017
Running Man Ep-335
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၃၅
အားလုံးသိတဲ့အတိုင်း Member week ဆက်ရိုက်နေတာပါ
Ep 335 ရဲ့ Member Week ရဲ့ mrmber ကတော့ "Jee Seok Jin Special " ပါ
Jee Soke Jin အတွက် weeding race အတွက် ထောင်ကနေ သတ်မှတ်တဲ့အချိန်အတွင်း လွတ်မြောက်အောင် လုပ်ရမှာပါ
mission အစ မှာတော့ အားလုံးက ထောင်ဝတ်စုံတွေနဲ့ ထောင်ထဲမှာ နေရ ပြီး Member တွေက Jee seok Jin စိတ်ချမ်းသာအောင် ထားပေးရမှာပါ ဒါပေမဲ့ Jee seok Jin mission က သူ့ကို Member တွေ စိတ်ဆိုးအောင် လုပ်ရမှာဖြစ်ပါတယ် ဒါမှ Member တွေ ကအစောင့်တွေရဲ့ နှိပ်စက်မှုတွေ ခံရမှာပါ
ဒါပေမဲ့ လို့ Jee seok Jin ထင်တဲ့အတိုင်း မဟုတ်ဘဲ Jee seok Jinကို စိတ်ဆိုးစေပြီးအစောင့် ဖမ်းခေါ်သွားတာခံရတဲ့သူကတော့ သက်တောင့်သက်သာ နေထိုင်ရတာပဲဖြစ်ပါတယ်
နောက်ပိုင်းမှာတော့ ထောင်က နေ လွတ်မြောက်အောင် Mission ထိန်းဆောင်ရမှာဖြစ်ပြီး
ထောင်ကနေ ဘယ်လိုမျိုး ပုံစံတွေနဲ့ လွတ်မြောက်မလဲ? လွတ်မြောက်တဲ့အချိန်မှာ Weeding Room မှာ ထင်မမှတိမထားတဲ့ Jee Seok Jin ရဲ့ သတို့သမီးလေးကို တွေ့ရသောအခါ Second Weeding ကို Member တွေနဲ့ ဘယ်လို Romatic ဆန်လဲဆိုတာ မြင်ကြရမှာပါ..
Translated by Ko Sai
Encoded by Bo Bo Naing
Review by Nay Thurain
Monday, January 23, 2017
Fantastic Duo
ကြယ်ပွင့်များရဲ့ ပါတနာ
FANTASTIC DUO ရဲ့ ep2မှာ​တော့နာမည်​​ကျော်​အဖွဲ့တခုဖြစ်​တဲ့
Big Bang အဖွဲ့ထဲကTaeyangရဲ့fantastic duoကို
ရှာ​ဖွေပြီးစုံတွဲသီဆိုယှဉ်​ပြိုင်​ရမှာဖြစ်​ပါတယ်​အရင်​အပတ်​ကရှာ​ဖွေခဲ့တဲ့
နာမည်​ကြီးအဆို​တော်​​တွေဖြစ်​တဲ့လီဆန်​ဟီး၊လင်​​ချောင်​လန်၊taeyang
နဲ့ဘမ်​ဆိုတို့​လေးဖွဲ့ယှဉ်​ပြိုင်​မှု​တွေကိုအံ့သြဖွယ်​​ကောင်း​လောက်​​အောင်​နားဆင်​ရမှဖြစ်​ပါတယ်
အပိုင်း၃နဲ့၎မှာ​တော့ယခင်​ကအယ်​ဘမ်​​သန်း​ပေါင်းများစွာ​ရောင်းချနိုင်​ခဲ့တဲ့
နာမည်​ကြီးအဆို​တော်​နှစ်​ဦးနဲ့ယခုအချိန်​အထိပရိတ်​သတ်​သန်း​ပေါင်းများစွာရဲ့
နှစ်​သက်​အား​ပေးမှုရရှိထားတဲ့နှုတ်​ခမ်းနီမ​လေး​တွေအသည်းဆွဲအဖွဲ့တစ်​ခုရဲ့
Fantastic duoရှာ​ဖွေမှုကို​တွေ့မြင်​ရမှာပါ
သူတို့ရှာ​ဖွေ​ရွေးချယ်​ထားတဲ့fantastic duoနဲ့စုံတွဲသီချင်းကိုလည်းခံစားနားဆင်​ရမှာဖြစ်​ပါတယ်
ဒီတစ်​ပါတ်​Fan duoမှာ​တော့စိတ်​၀င်​စားဖို့ပို​ကောင်းလာပါပြီဒီတစ်​ပါတ်​ဘုရင်​မ​နေရာကိုပိုင်​ဆိုင်​ထားတဲ့လီဆန်​ဟီးတို့အတွဲကိုယှဉ်​ပြိုင်​မယ့်​သူ​တွေက​တော့​ဘောလက်​ဘုရင်​ရှင်းဆုန်​ဟန်​၊​ဘောလက်​ဂီတဘုရင်​မဂျန်​ဂျင်​ဟီး၊နဲ့ကိုရီးယားရဲ့beyonce allieတို့ပဲဖြစ်​ပါတယ်​သူတို့​တွေရှာ​ဖွေမယ့််​fan duo ​တွေနဲ့ဘုရင်​မ​နေရာကိုယှဉ်​ပြိုင်​နိုင်​မလားဆိုတာစိတ်​၀င်​စားဖွယ်​​တွေ့မြင်​ရမှာပါဝမ်းနည်းစရာ​လေး​တွေကိုလဲဒီအပိုင်းမှာထူးခြားစွာ​တွေ့မြင်​ရမှာပါ
fan duoအတွဲ​တွေယှဉ်​ပြိုင်​ရမယ့်​သီချင်းအမျိုးအစားက​တော့ နှုတ်​ဆက်​ခြင်းဖြစ်​ပါတယ်
fan duo အပိုင်း၇နဲ့၈မှာ​တော့လီဆန်​ဟီးတို့အတွဲထူးခြားတဲ့rapဆိုတာ​တွေကိုပါနားဆင်​ရမှာပါ
ဒီတစ်​ပါတ်​ရဲ့ယှဉ်​ပြိုင်​ရမယ့်​​သူ​တွေက​တော့ကာရာအို​ကေဆိုင်​သွားသူ​တွေများစွာဆိုတဲ့အဆို​တော်​​တွေကိုဖိတ်​ကြားပြီးယှဉ်​ပြိုင်​ရမှာပါ
သူတို့​တွေက​တော့ ကင်​ဆူဟီး၊Vibeအဖွဲ့နဲ့ဝီဆုန်​တို့ပဲဖြစ်​ပါ​တယ်
သူတို့​တွေကိုယ်​စီရဲ့fan duoအတွဲ​တွေကိုရှာ​ဖွေရင်းလီဆန်​ဟီးတို့ကိုဘလိုယှဉ်​ပြိုင်​သွားမလဲဆိုတာစိတ်​၀င်​စားစရာ​တွေ​ရော​ဟာသ​လေး​တွေ​ရောပါဝင်​ပါတယ်
@ACM
Translated by Ko Sai
Review & Encoded by Su Myat RM
Tuesday, January 17, 2017
Running Man ep 334
ယှဉ်ပြိုင်ဆော့ကစားကြယ်ပွင့်များ (အပိုင်း ၃၃၄)
Runner တွေသိတဲ့အတိုင်း "Member Week " ဆက်ရိုက်နေကြတာဖြစ်ပါတယ်
Ep334 ကတော့ "Kim Jong Kook. Special " အဖြစ် ပြုလုပ်ခဲ့ကြပါတယ်
ဒီ Ep မှာတော့ RM တစ်လျောက်လုံး အင်အားကြီးခဲ့တဲ့ Commendar က Member
 တွေစီးတဲ့ ကားကို သန်သန်မာမာ ဆွဲပြပေးတာကိုလဲမြင်တွေ့ရမှာ
ဒီ Ep က "Kim Jong Kook Special " ဖြစ်တာကြောင့် Kim Jong Kook
အတွက် "Blind Dating " ပြုလုပ်ပေးခဲ့ပါတယ်
Kim Jong Kook Date ရမယ့်သူက အနုပညာနယ်ပယ်က မဟုတ်ဘဲ သာမန်သူတဦးပဲဖြစ်ပါတယ်
Blind Dating မှာ Kim Jong Kook နဲ့ သူမ ဘယ်လို Romance ဆန်ဆန်
Date ကြမလဲ
Members တွေကလဲ ဘယ်လို Mission မျိုးထမ်းဆောင်ကြမလဲ?
Jong Kook ကို ဘယ်လို Supporting တွေနဲ့ Jong Kook နဲ့ သူမ နီးစပ်အောင်လုပ်ပေးကြမလဲ
Jong Kook ကရော သူမကို တကယ်ပဲသဘောကျသွားမလားဆိုတာကို Ep 334 ကြည့်ရင်း Jong kook ရဲ့ပျော်ရွှင်မှုကို မျှဝေယူကြပါလို့ 😀
@ACM
Translated by Ko Sai
Encoded by Pyae Sone Moe 
Review by Nay Thurain
Drive 720p(520MB)
yoteshinportal(360,480,720)
Friday, January 13, 2017
Roommate S1 E4
ကြယ်ပွင့်များရဲ့ အခန်းဖော် အတွဲ ၁ (အပိုင်း ၄)
Guests ...Park Chan Yeol (EXO), Hong Soo Hyun, Jo Se Ho, Lee Dong Wook, Lee So Ra, Na Na (After School), Park Bom (2NE1), Park Min Woo, Seo Kang Joon (5urprise), Shin Sung Woo, and Song Ga Yeon
စောင့်နေရတာလည်း မောနေပြီထင်တယ်
😃😃
လာပါပြီ
ကြည့်လို့ ကောင်းသထက်ကောင်းလာတဲ့
အပိုင်းလေးပါ
နောက်ပိုင်းမကြာအောင်ကြိုးစားပေးပါ့မယ်
.......................
အိမ်တအိမ်ထဲမှာ  သရုပ်ဆောင်.အဆိုတော်.
ဟာသာလူရွှင်တော် .အားကစားသမား စတဲ့ အနုပညာရှင် တွေ
အတူတကွနေထိုင်ပုံကို ရိုက်ကူးထားတဲ့
ရသစုံလင်အစီစဉ်ကောင်းတစ်ခုဖြစ်ပါတယ်
ကင်မရာ အလုံးပေါင်း ၆၀ တပ်ထားတဲ့ အိမ်ထဲမှာ
ဘယ်သူတွေနဲ့ ဘယ်လိုအိပ် ဘယ်လိုစားကြသလဲဆိုတာ
အခန်းဖော် ၁၁ ယောက် အတူတူ တအိမ်တည်းနေကြပြီး
အလုပ်တာဝန်တွေ ခွဲထားပါတယ်
သိပ်လည်း ညွှန်းစရာမလိုတော့ပါဘူး
အောက်က လင့်မှာ ဒေါင်းလိုက်ပါ
@ACM
Translated by Thomas Nicolas ACM
Encoded by Mar Yar
Pcloud (720p)
Wednesday, January 11, 2017
Running Man ep 333
ယှဉ်​ပြိုင်​​ဆော့ကစား ကြယ်​ပွင့်​​လေးများ (အပိုင်း ၃၃၃)
  running man အစီအစဉ်​ ရဲ့ ကျန်​ရှိ​နေတဲ့ အချိန်​ ၂ လမှာ
 တပါတ်​ဆီကို အဖွဲ့ဝင်​ဝင်​ယောက်​ရဲ့ စိတ်​ကြိုက်
 ရိုက်​ချင်​တာ ရိုက်​လို့ရတယ်​ ဆိုပြီး စီစဉ်​ပြီး ရိုက်​ကူးသွားမှာ ဖြစ်​ပါတယ်
ပထမဆုံး အပါတ်​မှာ​တော့ အဖွဲ့ဝင်​​တွေ​ရော ပရိတ်​သတ်​​တွေ​ရော
 အရမ်းကို ချစ်​ခင်​ ဂရုစိုက်​ရတဲ့ Ji hyo အတွက်​ ရည်​ရွယ်​ပြီး
Ji Hyo special ဆိုပြီးရိုက်​ကူးခဲ့ပါတယ်
ဒီအပိုင်းမှာ Ji hyo ဟာ Membership Training လုပ်​တဲ့ 
နေရာကို သွားချင်​တဲ့ ဆိုတဲ့ အတွက်​​ကြောင့်​မို့ ရိုက်​ကူး​ရေးကိုလည်း အဲ့ဒီမှာပဲ ပြုလုပ်​ခဲ့ရပါတယ်
 အဲ့ဒီမှာပဲ သူတို့ အဖွဲ့ဝင်​ ၆ ​ယောက်​ဟာ Ji hyo ဦး​​ဆောင်​ပြီး​တော့
 ဂိမ်း​တွေ​ကို ​ပျော်​​ပျော်​ရွှင်​ရွှင်​ပဲဆော့ကြပါတယ်
ညပိုင်း​ရောက်​တဲ့ အချိန်​မှာ​တော့  သူတို့​တွေဟာ  ၇ နှစ်​တာ ကာလအတွင်း​မှာ
 ဖြစ်​ပျက်​ခဲ့တာ​တွေကို တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ​ပြောဆိုကြပြီး
 တစ်​​ယောက်​ချင်းစီက သူတို့ရဲ့ ခံစားချက်​​တွေကို ဂျီဟို​ပြောပြ ​တောင်းပန်​ပြီး
စိတ်​မ​​ကောင်းတဲ့ အ​ကြောင်း​တွေ​ပြောဆိုကြ
အား​ပေးကြ ပြီး Ji hyo special ကို ရုပ်​သိမ်းခဲ့ကြပါတယ်
ကဲ ဒီ​တော့ ​နောက်​အပါတ်​မှာလဲ ဘယ်​သူ့​ရဲ့ weekend special
 ဖြစ်​မလဲဆိုတာကို ​စောင့်​စားရင်း
ဒီတပါတ်​ အပိုင်း​လေးကိုလည်း အား​ပေးကြည့်​ရှုကြပါအုံး
Translated by Ko Sai
Encoded by Pyae Sone Moe
pcloud(HD)543MB
Google,Drive(HD)
Yoteshinportal (360,480,720)
Wednesday, January 4, 2017
Running Man Ep 332
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၃၂
တိုက်ဆိုင်စွာပဲ ဒီတစ်ပတ် ၂၀၁၇ခုနှစ်ရဲ့ ပထမဆုံးနေ့ရက်လေးက Running Man အစီစဉ်နှင့်အတူ
ကျရောက်လို့လာပါတယ်။2017 Running Man Kickoff ဆိုတဲ့ခေါင်းစဉ်လေးနှင့်အတူ နှစ်သစ်ကို
အဖွဲ့သားတစ်ဦးချင်းစီက ကြိုဆိုနှုတ်ခွန်းဆက်ရင်း နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာနဲ့အညီ
၂၀၁၇ တစ်နှစ်တာလုံးတွက် Running Man Checkupဆိုပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေကို စတင်ခဲ့ရာမှာတော့
အဖွဲ့သား တစ်ဦးချင်းစီကို Fortuneteller Park Sung Joon က လူမှုရေး စီးပွားရေး ကျန်းမာရေး အချစ်ရေးများကို
အားမနာတမ်း ဟောကြားပေးခဲ့ပါတယ်။Fortuneteller ရဲ့အပြောအဟောတွေ မှန်ကန်တိကျလွန်းလို့
ကံမကောင်းတဲ့အဖွဲ့ဝင်တချို့ မျက်စေ့မျက်နှာပျက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။
အချိန်ကာလနဲ့အညီ ကစားနည်းအသစ်ဆန်းတွေကို တီထွင်ဆန်းသစ်တဲ့
Running Man Variety Show ရဲ့ထုံးစံတိုင်းပဲ ဒီနှစ်က ကြက်နှစ်ဖြစ်တာနဲ့အညီ "When the Chicken Lays" ကစားနည်းနဲ့
ကံကောင်းသူတစ်ဦးထဲကို ရွေးချယ်ခဲ့ပါတယ်။
ကြက်ရုပ်ကလေးကို အလှည့်ကျ ထိပုတ်ရင်း ကိုယ့်အလှည့်မှာ ကြက်ဥဥလာခဲ့ရင် ကံဆိုးပြီးထွက်ရမှာပါ။
ဒုတိယမြောက်အစီစဉ်မှာတော့ "Find Your Soulmate" ဆိုတဲ့ခေါင်းစဉ်နဲ့ လူမှုရေးတွက်
ဆောင်ရန်ရှောင်ရန်တွေကို ဖြေကြားပေးဖို့ တဲ့ရော့ဒ်မာစတာ Lee Yoon Jung ကလာရောက်ကူညီပေးခဲ့ပါတယ်။
အဖွဲ့သားချင်း ဘယ်သူနဲ့ဘယ်သူက ပိုပြီးတော့ မိတ်ဖက်ဖြစ်မယ်ဆိုတာကို ကိန်းဂဏာန်းများနဲ့အဖြေထုတ်ခဲ့ပါတယ်။
နေ့ခင်းဘက်မှာတော့ "Press and Hide" ဆိုတဲ့ ကစားနည်းကို ၂ယောက်တစ်ဖွဲ့လိုက်ပြီး
ကျန်၎ယောက်က ပုန်းရမှာပါ။ အချိန်အမြန်ဆုံး လိုက်ရှာနိုင်တဲ့အဖွဲ့ကို အနိုင်ပေးတာဖြစ်ပြီး ပွဲစဖို့
အချက်ပေး ဘဲလ်ကိုနှိပ်ရပါမယ်။ မြန်မာလိုပြောရရင် တူတူပုန်းတမ်းကစားခဲ့ကြတာပါ။
တတိယမြောက်အစီစဉ်မှာ အဖွဲ့သားတစ်ဦးချင်းစီရဲ့ ကျန်းမာရေးကိုစစ်ဆေးပေးဖို့
Dr. Park Sung Il ကိုဖိတ်ခေါ်ခဲ့ပါတယ်။
တစ်ယောက်ချင်းစီရဲ့ မျက်လုံးအနေထား အရောင်ကွဲပြားမှုတွေကိုကြည့်ပြီး ကျန်းမာရေးတွက် ဗဟုသုတတွေကို
အသိပေးခဲ့ပါတယ်။ပွဲစဉ်တလျောက်လုံးမှာ အကြီးကျယ် ကံဆိုးခြင်းတွေနဲ့ ကျန်းမာရေးညံ့နေတဲ့ အစ်ကိုနှာခေါင်းကြီးကိုတော့
တိုင်းရင်းအားဖြည့်ဆေးတစ်ခွက်တိုက်ရင်း ကျန်းမာရေးဂရုစိုက်ဖို့ နှစ်သိမ့်ခဲ့ကြပါတယ်။
နောက်ဆုံးအစီစဉ်အဖြစ် ရရှိထားတဲ့ R Balls တွေကို ဖန်လုံးတစ်ခုထဲ ထည့်မွှေရင်း
 ရွေးချယ်ခံရတဲ့ နာမည်ပိုင်ရှင်ကို နှစ်သစ်မှာပဲ အေးချမ်းစေချင်တာလား ဒုက္ခပေးချင်တာလားမသိ
ရေနဲ့လောင်းချခံရဖို့ ကြိုတင်ပြင်ဆင်ထားပြီးRunning Man အဖွဲ့ရဲ့ နှစ်သစ်ကူးအစီစဉ်လေး ပြီးမြောက်ကြောင်းကို
SBS မှ Variety Show တာဝန်ခံတွေနဲ့အတူ Viewerများကို Happy New Yearပါလို့ . . .
(အညွှန်းကို onestar မှ ဖော်ပြထားခြင်းဖြစ်ပါသည်)
Translated by Ko Sai
Encoded by Joker.pns
Download with Pcloud (720p)
>>Race start<<