Episodeနံပါတ်​ရှာရန်

Wednesday, January 4, 2017

Running Man Ep 332


ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၃၂


တိုက်ဆိုင်စွာပဲ ဒီတစ်ပတ် ၂၀၁၇ခုနှစ်ရဲ့ ပထမဆုံးနေ့ရက်လေးက Running Man အစီစဉ်နှင့်အတူ
ကျရောက်လို့လာပါတယ်။2017 Running Man Kickoff ဆိုတဲ့ခေါင်းစဉ်လေးနှင့်အတူ နှစ်သစ်ကို
အဖွဲ့သားတစ်ဦးချင်းစီက ကြိုဆိုနှုတ်ခွန်းဆက်ရင်း နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာနဲ့အညီ
၂၀၁၇ တစ်နှစ်တာလုံးတွက် Running Man Checkupဆိုပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေကို စတင်ခဲ့ရာမှာတော့

အဖွဲ့သား တစ်ဦးချင်းစီကို Fortuneteller Park Sung Joon က လူမှုရေး စီးပွားရေး ကျန်းမာရေး အချစ်ရေးများကို
အားမနာတမ်း ဟောကြားပေးခဲ့ပါတယ်။Fortuneteller ရဲ့အပြောအဟောတွေ မှန်ကန်တိကျလွန်းလို့
ကံမကောင်းတဲ့အဖွဲ့ဝင်တချို့ မျက်စေ့မျက်နှာပျက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အချိန်ကာလနဲ့အညီ ကစားနည်းအသစ်ဆန်းတွေကို တီထွင်ဆန်းသစ်တဲ့
Running Man Variety Show ရဲ့ထုံးစံတိုင်းပဲ ဒီနှစ်က ကြက်နှစ်ဖြစ်တာနဲ့အညီ "When the Chicken Lays" ကစားနည်းနဲ့
ကံကောင်းသူတစ်ဦးထဲကို ရွေးချယ်ခဲ့ပါတယ်။
ကြက်ရုပ်ကလေးကို အလှည့်ကျ ထိပုတ်ရင်း ကိုယ့်အလှည့်မှာ ကြက်ဥဥလာခဲ့ရင် ကံဆိုးပြီးထွက်ရမှာပါ။

ဒုတိယမြောက်အစီစဉ်မှာတော့ "Find Your Soulmate" ဆိုတဲ့ခေါင်းစဉ်နဲ့ လူမှုရေးတွက်
ဆောင်ရန်ရှောင်ရန်တွေကို ဖြေကြားပေးဖို့ တဲ့ရော့ဒ်မာစတာ Lee Yoon Jung ကလာရောက်ကူညီပေးခဲ့ပါတယ်။
အဖွဲ့သားချင်း ဘယ်သူနဲ့ဘယ်သူက ပိုပြီးတော့ မိတ်ဖက်ဖြစ်မယ်ဆိုတာကို ကိန်းဂဏာန်းများနဲ့အဖြေထုတ်ခဲ့ပါတယ်။

နေ့ခင်းဘက်မှာတော့ "Press and Hide" ဆိုတဲ့ ကစားနည်းကို ၂ယောက်တစ်ဖွဲ့လိုက်ပြီး
ကျန်၎ယောက်က ပုန်းရမှာပါ။ အချိန်အမြန်ဆုံး လိုက်ရှာနိုင်တဲ့အဖွဲ့ကို အနိုင်ပေးတာဖြစ်ပြီး ပွဲစဖို့
အချက်ပေး ဘဲလ်ကိုနှိပ်ရပါမယ်။ မြန်မာလိုပြောရရင် တူတူပုန်းတမ်းကစားခဲ့ကြတာပါ။

တတိယမြောက်အစီစဉ်မှာ အဖွဲ့သားတစ်ဦးချင်းစီရဲ့ ကျန်းမာရေးကိုစစ်ဆေးပေးဖို့
Dr. Park Sung Il ကိုဖိတ်ခေါ်ခဲ့ပါတယ်။
တစ်ယောက်ချင်းစီရဲ့ မျက်လုံးအနေထား အရောင်ကွဲပြားမှုတွေကိုကြည့်ပြီး ကျန်းမာရေးတွက် ဗဟုသုတတွေကို
အသိပေးခဲ့ပါတယ်။ပွဲစဉ်တလျောက်လုံးမှာ အကြီးကျယ် ကံဆိုးခြင်းတွေနဲ့ ကျန်းမာရေးညံ့နေတဲ့ အစ်ကိုနှာခေါင်းကြီးကိုတော့
တိုင်းရင်းအားဖြည့်ဆေးတစ်ခွက်တိုက်ရင်း ကျန်းမာရေးဂရုစိုက်ဖို့ နှစ်သိမ့်ခဲ့ကြပါတယ်။

နောက်ဆုံးအစီစဉ်အဖြစ် ရရှိထားတဲ့ R Balls တွေကို ဖန်လုံးတစ်ခုထဲ ထည့်မွှေရင်း
 ရွေးချယ်ခံရတဲ့ နာမည်ပိုင်ရှင်ကို နှစ်သစ်မှာပဲ အေးချမ်းစေချင်တာလား ဒုက္ခပေးချင်တာလားမသိ
ရေနဲ့လောင်းချခံရဖို့ ကြိုတင်ပြင်ဆင်ထားပြီးRunning Man အဖွဲ့ရဲ့ နှစ်သစ်ကူးအစီစဉ်လေး ပြီးမြောက်ကြောင်းကို
SBS မှ Variety Show တာဝန်ခံတွေနဲ့အတူ Viewerများကို Happy New Yearပါလို့ . . .

(အညွှန်းကို onestar မှ ဖော်ပြထားခြင်းဖြစ်ပါသည်)

Translated by Ko Sai
Encoded by Joker.pns

Download with Pcloud (720p)
>>Race start<<

No comments:

Post a Comment