Episodeနံပါတ်​ရှာရန်
Saturday, December 31, 2016
Running Man Ep-224
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၂၂၄
ဒီတစ်ခါ အပိုင်း 224 အကြောင်းလေးနည်းနည်းအမြည်းပေးကြည့်မယ်နော်!
မင်းသမီး Han Groo, Jeon So-min, Kwang Soo နဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ Lee Sung Kyung , MMA fighter ခပ်ချောချောလေး Sohn Ga -yeon နဲ့ အိနြေ္ဒရတဲ့မင်းသမီး Kyung Soo-Jin တို့က guest အနေနဲ့ပါဝင်ထားကြတာဖြစ်ပါတယ်။ 
Show အစမှာ သူတို့၅ယောက်နဲ့အတူ အစ်မJi Hyo ကပါ Parcelတစ်ထုပ်စီတယောက်ဝင်ရပ်နေကြပြီး ကျန်တဲ့ အမျိုးသားတွေက သူတို့ကြိုက်တဲ့ပါဆယ်ကိုရွေးပြီးပါတနာရွေးရတာပါ။ 
အစ်မJi Hyo ကတော့ဒီနေ့ မိတ်ကပ်လိမ်းပြီးလှတပတပြင်ဆင်လာတာကြောင့် 
သူနဲ့တွဲရမယ့် Big nose တောင်ရှက်သလိုလိုဖြစ်နေခဲ့ပါသေးတယ်။ 😂
အဲ့ဒီမှာ Scary team ကတော့ Spata Jong Kook နဲ့ ဖိုက်တာGa-yeon တို့အတွဲပါပဲ။ ကျန်တဲ့စုံတွဲတွေကြောက်ရမယ့်အတွဲပေါ့။ 
ပါတနာရပြီးအဝတ်မလဲရသေးခင်မှာပဲ ဝုန်းဒိုင်းကြဲပြီး မစ်ရှင်စပါလေရော...ထုံးစံအတိုင်းKwang Soo တို့ကတော့ ညစ်လိုက်သေးတာပါပဲ။တကယ်တမ်းနိုင်တာက Kookie တို့အတွဲပါ! 😁😂
ပြီးတော့ Summer Team နဲ့ Winter team ခွဲပြီး တကယ်ဆော့ရမယ့် နေရာကို ကားတွေနဲ့သွားကြပါတယ်။ 
Summer teams တွေက ရေကူးကန်ကိုသွားပြီး Winter teams တွေက Wintery Park ကိုသွားကြတာပါ
အဲ့ဒီမှာအားလုံးအူတက်အောင်ရယ်ရမယ့် ဂိမ်းစတာပါပဲ  MC Yoo နဲ့ Kwang Soo တို့ပေါင်းပြီး Kookie ကိုအနိုင်ကျင့်တာကိုလဲတွေ့ရဦးမှာပါ။ 
Winter teams တွေရဲ့ Igloo ထဲက Dance Party ကိုလဲမြူးမြူးကြွကြွကြည့်ရဦးမှာဖြစ်ပါတယ် ။ 
Gary နဲ့ Soo Jin တို့ရဲ့ My ear's candy အကကိုအားလုံးသဘောကျကြမှာပါ။အသည်းပုံအပိုင်းလေးတွေ မှန်အောင်ဆက်ရမယ့်ဂိမ်းမှာလဲ PD တွေကို complaint တက်ကြပါသေးတယ် ။ Summer team ရဲ့မစ်ရှင်ကိုသိပြီးတော့မှ သူတို့ဒီမစ်ရှင် ကိုပဲကောင်းအောင်လုပ်တော့ပါမယ်တဲ့။ 😆😂😂😂😂
ဒီလိုဒီလိုမစ်ရှင်တွေပြိးတဲ့နောက်မှာတော့ SBS building ထဲက အမေးအဖြေဂိမ်းတွေနဲ့  trampoline ပေါ်မှာခုန်ပြီး ဘက်စကတ်ဘောပစ်ရတဲ့ဂိမ်းတွေကတော့ အားလုံးအကြိုက်ဖြစ်မှာပါ။ 
Gary ကတော့ fighter လေး Ga yeon ရဲ့Low kick ကိုမြည်းစမ်းလိုက်ရပါသေးတယ်။
ကဲ...... 1 vs 5 hide and seek name tag ripping game နဲ့အဆုံးသတ်ထားတဲ့ဒီအပိုင်းမှာ ဘယ်သူက final winner ဖြစ်မလဲဆိုတာရင်ခုန်စွာနဲ့ကြည့်လိုက်ကြရအောင်ပါ။
အညွှန်းကတော့ Moe Pauk Pauk Hlaing ဖြစ်ပြီး
ဘာသာပြန်သူကတော့ ကိုစိုင်းပါ
Translated by Ko Sai
Encoded by Pyae Sone Moe
Review by Moe Pauk Pauk Hlaing 
Watch and download (720p) Google drive
Watch and download (360,480p)
Plz wait
Download pcloud (720p) (518mb)
Note: (720) ကို pcloud ကသာဒေါင်းကြပါရန်
Tuesday, December 27, 2016
Running Man ep-331
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၃၁
------------------------------------
Merry Christmas အထူးအစီစဉ်တွေနဲ့ ဒီတစ်ပတ်မှာ မင်းသမီးငယ်လေး Kim So Hyunက
Christmas နတ်သမီးလေးအဖြစ်နဲ့ RM အဖွဲ့ရဲ့ အစီစဉ်တင်ဆက်သူအဖြစ် ပါဝင်လာပါတယ်။
အဓိက Mission အနေနဲ့ Christmas Race with Bad Santa ဆိုတဲ့ခေါင်းစဉ်နဲ့ယှဉ်ပြိုင်စေခဲ့ပါတယ်။
ခေါင်းစဉ်တိုင်းပဲ သူတစ်ပါးကိုနှောင့်ယှက်ရင်း အမှတ်တွေယူရမှာမို့ အဖွဲ့သားချင်း
တစ်ဦးနဲ့တစ်ဦး နောက်ပြောင်နှောင့်ယှက်နေတာကလည်း ငယ်ငယ်က ကလေးတွေလိုပါပဲ။
အဖွဲ့လိုက်ကစားမယ့် ကစားနည်းတွေကို ရမှတ်အနေနဲ့ သာမိုမီတာတစ်ခုမှာ ဒီဂရီ သတ်မှတ်ချက်တွေနဲ့
100°C ရောက်တဲ့အထိ တစ်ပွဲချင်းစီ ယှဉ်ပြိုင်သွားခဲ့ကြပါတယ်။
SBS Prism Tower in Sangam-dong မှာ ကစားပွဲ ပထမပိုင်းကိုစတင်ခဲ့ပြီး
နေ့ခင်းမှာတော့ RM အဖွဲ့နဲ့ မူကြိုကလေးငယ်တို့ အားပြိုင်ပွဲကလည်း စိတ်ဝင်စားစရာပါ။
ပွဲသိမ်းကစားနည်းအဖြစ် "Telepathy" ခေါင်းစဉ်နဲ့ အစီစဉ်တင်ဆက်သူက မေးသမျှကို
အဖွဲ့ဝင်တစ်ယောက်က ဖြေ သူ့အဖြေနဲ့ ကျန်၅ယောက်ရဲ့အဖြေ ထပ်တူညီဖို့ ဘာဆက်သွယ်မှုမှမရှိပဲ
စိတ်ထင်တဲ့အတိုင်းဖြေဆိုရာမှာတော့  . . .
RM အဖွဲ့သားတွေရဲ့ တစ်ယောက်ကိုတစ်ယောက် စည်းလုံးညီညွတ်မှုက အံ့မခန်းဖြစ်စရာပါလို့
တင်ပြရင်း ဒီတစ်ပတ် Merry Christmas ရက်သတ္တပတ်ကို ပျော်ရွှင်စွာ အဆုံးသတ်လိုက်ပါတယ်။
(အညွှန်းကိုတော့ onestar မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)
Translated: Sai Kyaw Lynn
Encoded : Pyae Sone Moe
Watch and download(360,480,720)
>>Race Start <<
Download (720p)
>>Race start <<
Saturday, December 24, 2016
Running Man Ep-64
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၆၄
ဒီအပိုင်းကတော့အဆက်ပါ
SNSD နဲ့ Running Man တို့
ယမန်နေ့ကစုံတွဲတွေအတိုင်းယှဉ်ပြိုင်ကြရမှာပါ
မိတ်ကပ်အပြည့်နဲ့ မြင်နေရတဲ့ မင်းသမီးတွေကို
မိတ်ကပ်မပါဘဲ သဘာဝပုံစံကိုမြင်တွေရမှာပါ
နောင်ပြီး Running Man ရဲ့ ထုံးစံအတိုင်း
Couple လေးတွေနဲ့ ဘယ်လိုဂိမ်းကစားကြမလဲဆိုတာ
ကွကိုသာဒေါင်းကြည့်ကြပါ...
@ACM
Translated by Sai Kyaw Lynn 
Encoded by Pyae Sone moe
Watch and Download (360p)
Download (720p)
Friday, December 23, 2016
Running man ep 63
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း (၆၃)
SNSD ရဲ့ပရိသတ်တွေတောင်းဆိုနေတဲ့အပိုင်းလာပါပြီခင်ဗျာ..
ဒီအပိုင်းမှာတော့ ဆောင်းဂျီဟို ရိုက်ကူးရေးကိစ္စကြောင့် မပါဝင်ခဲ့ပါဘူး
ဆောင်းနှင်းဝေတဲ့နေ့တနေ့ရဲ့ မနက်အစောပိုင်းမှာ
Running Man ရိုက်ကူးနေကြပါတယ်
အစပိုင်းမှာတော့ အသင်းခွဲခြင်းနဲ့စတင်ခဲ့ပါတယ်
SNSD က၆ယောက်နဲ့
Running Man ၆ယောက်တို့
ဘယ်လိုတွေ စိတ်ဝင်စားအောင်လုပ်ကြမလဲ
ဘယ်စုံတွဲတွေက ဂိမ်းတွေနိုင်ပြီး.ဆု ရကြမလဲဆိုတာကတော့
ဒီအပိုင်းမှာကြည့်လိုက်ကြပါ...
@ACM
Translated  by Thomas Nicolas ACM
Encoded by Pyae Sone Moe
Watch and Download (360,480,720p)
Download pcloud (720p)
Roommate S1 E3
ကြယ်ပွင့်များရဲ့ အခန်းဖော် အတွဲ၁ အပိုင်း၃
=======================
ကဲအားလုံးစောင့်မျှော်နေတဲ့
Roommate လာပါပြီ.....
တဖြည်းဖြည်းနဲ့ ကြည့်လို့ကောင်းလာပါတယ်
အစပိုင်းကတော့ လူစုပြီး
ဒုတိယပိုင်းမှ အသက်ဝင်လာတာပါ
ကဲ သူတို့တွေအိမ်ထဲမှာ ဘယ်လိုနေကြ ထိုင်ကြဖြတ်သန်းကြမလဲဆိုတာ
ဒီပတ်ရဲ့ ပိတ်ရက်လေးမှာ
ကြည့်လိုက်ကြပါဦး
(သိပ်ညွှန်းစရာတော့မလိုပါဘူး
ကျနော်လည်းမကြည့်ရသေးလို့ 😆😆)
@ACM
Translated by Variety Myanmar
Encoded by Mar Yar
Watch and Download (360,480,720)
>>Race start <<
Download (720p)
Race start
Note:HD ဒေါင်းလိုသူများ pcloud ကဒေါင်းကြပါ
Tuesday, December 20, 2016
Running Man Ep -330
ယှဉ်​ပြိုင်​​ဆော့ကစား ကြယ်​ပွင့်​​လေးများ အပိုင်း ၃၃၀
 ဒီအပိုင်းမှာ​တော့ ဧည့်​သည်​အဖြစ်​နဲ့ ကိုရီးယားနိုင်​ငံရဲ့ နာမည်​ကြီး အဆို​တော်​အဖွဲ့ ဖြစ်​တဲ့
 blackpink အဖွဲ့ က လာ​ရောက်​ကစားထားကြတာပါ
ဒီအပိုင်းက​တော့ running man ချစ်​သူ​တွေအကြိုက်​​တွေ့ကြမယ့်​ အပိုင်း​လေးပါပဲ
 အရမ်းကို ရီရတဲ့ အပိုင်း​​လေးပါ blackpink လာ​ရောက်​ကစားတဲ့အတွက်
 အနက်​​ရောင် အဖွဲ့ နဲ့ ပန်း​ရောင်​အဖွဲ့ ဆိုပြီး အဖွဲ့နှစ်​ဖွဲ့ခွဲပီးယှဉ်​ပြိုင်​ကြပါတယ်
 ထုံးစံအတိုင်းပဲ အဆင့်​ဆင့်​ယှဉ်​ပြိုင်​ပြီးမှ ​နောက်​ဆုံးမှာ အနိုင်​ရရှိတဲ့အသင်းကို
 သိရှိရမှာပါ ကံတရား​တွေနဲ့ သတ်​ဆိုင်​တဲ့ ပြိုင်​ပွဲ​တွေမှာ အရမ်းကို ကံဆိုးလှတဲ့
   running man သမိုင်းမှာ ကံအဆိုးဆုံးလို့သတ်​မှတ်​ထားတဲ့
 နှာ​ခေါင်း ကြီးနဲ့ သစ်​ကုလားအုတ်​ တို့ထက်​ကို ကံဆိုးလှတဲ့ မိန်းမ​ချော​လေး
 အနိုင်​ရရှိသွားပြီး ဆု​တွေရရှိမလဲဆိုတာကို ဆက်​လက်​ကြည့်​ရှု့အား​ပေးကြပါအုံး
(အညွှန်းကိုတော့ Ayenyeing Thu မှ ထင်ရာမြင်ရာ သုံးသပ်ထားပြီး
ဘာသာပြန်သူကတော့ Ko Sai kyaw Lynn ပါ)
Encoder:  Pyae Sone Moe
@ACM
Download and watch (yoteshin portal)
(360,480,720)
Download (pcloud)
>>RACESTART HD<<
Tuesday, December 13, 2016
Running Man Ep 329
ယှဉ်​ပြိုင်​​ဆော့ကစား ကြယ်​ပွင့်​​လေးများ အပိုင်း ၃၂၉
 တစ်​ပါတ်​နဲ့တစ်​ပါတ်​ မရိုးရ​အောင်​စိတ်​ဝင်​စားစရာ ရီစရာ​လေး​တွေကို တင်​ဆက်​​ပေးတဲ့
 running man ဟာ ဒီတပါတ်​မှာလည်း စိတ်​ဝင်​စားစရာ​ကောင်းတဲ့ ယှဉ်​ပြိုင်​မှု​တွေနဲ့
 တင်​ဆက်​ထားပါတယ်
 ဒီအပိုင်းမှာ​တော့ ဧည့်​သည်​ မပါဝင်​ပဲ runner 6 ​ယောက်​ပဲ ပါဝင်​ကစားထားပါတယ်
 ဒီအပိုင်းမှာ​တော့ ရာဇပလ္လင်​​တွေ ​ ဖျာ​တွေ ရှေး​ခေတ်​ကိုရီးယားမှာ အပြစ်​သား​တွေကို
အပြစ်​​ပေးတဲ့ခုံ​တွေ ကိုပြင်​ဆင်​ထားပြီး အပြစ်​​ပေးမယ့်​သူ​တွေ​ရောပြင်​ဆင်​ထားပါတယ်
  ပြိုင်​ပွဲ​တွေစပြီဆိုတာနဲ့ ​ရျွေးချယ်​ခွင့်​​တွေ​ပေးထားပြီး စိတ်​ကြိုက်​​ရွေးချယ်​ယှဉ်​ပြိုင်​ခွင့်​ရှိပါတယ်
ဒီတပါတ်​ပြိုင်​ပွဲက​တော့ ကံအဆိုးဆုံးလူနဲ့ ကံအ​ကောင်းဆုံးလူကိုရှာ​ဖွေတာပါ
ကံအ​ကောင်းဆုံးလူက ဥ​ရောပကို အလည်​အပတ်​သွားခွင့်​ရမှာဖြစ်​ပြီး ကံအဆိုးဆုံးလူက​တော့
အပြစ်​ဒဏ်​​ပေးခံရမှာပါ အမြဲတမ်းကံဆိုးသူ​လေး ဂွမ်​ဆူ တစ်​​ယောက်​ဒီတစ်ခါ​ရောကံ​ကောင်းပါ့အုံးမလား
 ဘယ်​သူက​ရောကံအ​ကောင်းဆုံးလူဖြစ်​ပြီး ခရီး​တွေထွက်​ရမလဲဆိုတာကိုဒီတပါတ်​ရဲ့
running man ​လေးကို ကြည့်​ပြီးအား​ပေးလိုက်​ကြပါအုံး
Translated by Sai Kyaw Lynn
Encoded by Pyae Sone Moe
Review by Ayenyeing Thu
Watch and download(Yoteshinportal)
...Uploading...
Download(pcloud)
>>Racestart<<
Monday, December 12, 2016
Infinity challenge Ep 502
ကြယ်ပွင့်များရဲ့ စိန်ခေါ်ခြင်း အပိုင်း ၅၀၂
ဒီအပိုင်း​လေးက​တော့ ပြီးခဲ့တဲ့ အပါတ်​ အပိုင်း ၅၀၁ မူဒိုရီ ဂိုး ဂိမ်းရဲ့အဆက်​​လေးပါ
 အရင်​တပါတ်​က အရှုံးအနိုင်​မသိခဲ့ရလို့ ဆက်​လက်​ပြီး ယှဉ်​ပြိုင်​ရတာပါ
 ဒီတပါတ်​အပိုင်းမှာ​တော့ အရင်​တပါတ်​ကထက်​ပိုပြီး  ရီရပါတယ်​ အဖွဲ့ဝင်​​တွေဟာ
 မူဒိုရီ​တွေကိုဆက်​လက်​ရှာ​ဖွေဖမ်းဆီးရပါတယ်​ အပိုင်း ၅ ပိုင်းနဲ့ ယှဉ်​ပြိုင်​ထားပြီး
 တပိုင်းဆီပြီးတိုင်းမှာ အမှတ်​​တွေရရှိမှာဖြစ်​ပြီး အပိုင်းအားလုံးပြီးတာနဲ့
အနိုင်​ရရှိသူကိုသိရမှာပါ တပိုင်းဆီတိုင်းမှာ​မျှော်​လင့်​မထားတဲ့ ယှဉ်​ပြိုင်​မှု​တွေနဲ့
 ယှဉ်​ပြိုင်​ဖမ်းဆီးရမှာပါ အရမ်းကို ရီရတဲ့ အပိုင်း​တွေအများကြီးပါဝင်​ပါတယ်​ ကြည့်​ရှု့သူ​တွေ
 အ​နေနဲ့ ဟာသအရသာသစ်​​တွေ ထပ်​မံ​ပေးစွမ်းနိုင်​မယ့်​ အစီအစဉ်​တစ်ခု​ဖြစ်​ပါတယ်
 ကဲ variety myanmar ရဲ့ပရိတ်​သတ်​ကြီးထပ်​မံကြည့်​ရှုအား​ပေးကြပါအုံး
အညွှန်းနဲ့ ဘာသာပြန်သူကတော့ Ayenyeing Thu ပါ
Translated by Ayenyeing Thu
Encoded by Pyae Sone Moe
Review by Ayenyeing Thu
Download with Pcloud (720p)
>>Race Start<<
Watch and Download with yoteshinportal
...Uploading...
Wednesday, December 7, 2016
Running Man Ep 328
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း၃၂၈
Guest: TWICE
ဒီအပိုင်းမှာ​တော့ running man အဖွဲ့သား​တွေနဲ့အတူ မိန်းမလှ​လေး ၉ ​ယောက်​ပါဝင်​တဲ့
twice အဖွဲ့တို့ ပါဝင်​​ဆော့ကစားထားကြပါတယ်
ဒီအပိုင်းမှာ​တော့ runner ​တွေဟာ ကိုရီးယားနိုင်​ငံရဲ့ ပင်​လယ်​မြို့​လေးဖြစ်​တဲ့ ဘူဆန်​မြို့မှာသွား​ရောက်​​ဆော့ကစားထားကြပါတယ်​အဖွဲ့ခွဲတဲ့ ​နေရာမှာလည်း ဘူဆန်​မြို့ရဲ့ အထင်​ကရ ဟင်းသုံးမျိုးနာမည်​​တွေနဲ့ အဖွဲ့ခွဲပြီး အသင်းနာမည်​​တွေကိုလည်း ဟင်းနာမည်​​တွေနဲ့ပဲ ​ပေးပြီးယှဉ်​ပြိုင်​ကြပါတယ်
Busan Vacation ဆိုတဲ့ ​ခေါင်းစဉ်​​လေးအတိုင်းပဲ ဘူဆန်​မြို့ရဲ့ အထင်​ကရ ဟင်းအမည်​​တွေနဲ့ပဲ ပြ​ဟေဠိ​တွေနဲ့ ဖြည့်​စွက်​ပြီးယှဉ်​ ပြိုင်ကစားရတာပါ ပြိုင်​ပွဲ တစ်​ချီ တစ်​ချီပြီးတိုင်းမှာ ဆု​တွေရရှိမှာဖြစ်​ပြီး အဲ့ဒီဆု​တွေနဲ့ ​နောက်​ဆုံးအချီမှာ ဘယ်​လိုအဆုံးအဖြတ်​​တွေဖြစ်​လာမလဲ   ဘယ်​အသင်းက​တော့အနိုင်​ရရှိသွားမလဲ ဆိုတာသိရဖို့  ဒီတပါတ်​ အပိုင်း​လေးကို ကြည့်​ရှုအား​ပေးကြပါအုံး
ကဲကဲ အောက်ကလင့်မှာ
တိုက်ရိုက်ကြည့်နိုင်သလို
(360,720 ) down နိုငိပါတယ်
Review by Ayenyeing Thu 
Translated by Sai Kyaw Lynn
Encoded by Bo Bo Naing
Download with (720p) Pcloud link
Watch and Download (360p)Yoteshinportal link
Monday, December 5, 2016
Roommate S1 E2
ကြယ်ပွင့်များရဲ့ အခန်းဖော် အတွဲ၁ အပိုင်း၂
Guests - Park Chanyeol(EXO), Hong Soo Hyun, Jo Se Ho, Lee Dong Wook, Lee So Ra, Na Na(After School), Park Bom(EXO), Park Min Woo, Seo Kang Jun(5upprise), Shin Sung Woo, Song Ga Yeon
==========================
ဒီကြယ်ပွင့်များရဲ့အခန်းဖော် အတွဲ၁ အပိုင်း၂ မှာတော့ အခန်းဖော်တွေက
 တဖြည်းတဖြည်းနဲ့ အရမ်းရင်းနှီးလာကြပါပြီ ကင်မရာအလုံးပေါင်း ၆၀နဲ့ အခန်းဖော်တွေကိုတွေ့ရမှာပါ အပိုင်း၁မှာ အနည်းငယ်သာပါခဲ့တဲ့ Blackjack တွေရဲ့အသည်းစွဲ 2NE1 က Park Bom ကို ဒီအပိုင်းမှာ တစ်ဝကြီးကြည့်ရမှာပါ Bom ပေါချက်ကတော့ ကင်မရာနဲ့တောင် ဖက်ပြီးရန်ဖြစ်နေတယ့်သူပါ Bom စကားတစ်ခွန်းက Shin MaMa ကိုဘယ်လိုဖြစ်သွားသလဲ မြင်ရမှာပါ(Shin MaMa သနားဖို့တောင်ကောင်းတယ်😂😂😂) Romantic ဆန်တာခွင့်ပြုထားတဲ့ Roommate မှာ အစပျိုးတာလေးတွေပါမှာပါ ဒီအပိုင်းမှာ အခန်းဖော် ၁၁ ယောက်လုံးပါလာပြီး ရင်းရင်းနှီးနှီးစကားပြောတာတွေ ချက်ပြုတ်စားသောက်တာတွေ ကိုကြည့်မြင်ခံစားရမှာပါ EXO-L တို့ရဲ့ အသည်းစွဲ Park Chanyeol ကိုလည်း ဒီအပိုင်းမှာ တစ်ဝကြီးမြင်ရဦးမှာပါ အစပ်မစားနိုင်တဲ့ Chanyeol တော့ ဘယ်လိုဒုက္ခကြုံရဦးမလဲ😂😂😂😂 အခန်းဖော်တွေ ဘယ်လောက်ခင်မင်ကြသလဲ တာဝန်တွေကို ဘယ်လိုခွဲဝေယူလဲဆိုတာ ကြည့်နိုင်ဖို့ အောက်က Link လေးကိုနှိပ်ပြီး ဒေါင်းလိုက်ကြပါတော့
Translated by Moe Thu Aung & Thomas Nicolas ACM
Review  by Moe Thu Aung
Encoded by Thomas Nicolas ACM
DOWNLOAD WITH PCLOUD
>>RACE START<<
WATCH AND DOWNLOAD WITH YOTESHINPORTAL 
>>Race Start<<
Friday, December 2, 2016
Infinity Challenge EP 501
ကြယ်ပွင့်များရဲ့ စိန်ခေါ်ခြင်း အပိုင်း၅၀၁
Variety myanmar ရဲ့​နောက်​ထပ်​​ခြေလှမ်းသစ်​အ​နေနဲ့ ကိုရီးယားနိုင်​ငံရဲ့
 နာမည်​ကြီးအစီအစဉ်​တစ်​ခုဖြစ်​တဲ့ Infinity Challenge အစီအစဉ်​ကိုဘာသာပြန်​​ပေးလိုက်​ပါတယ်
ဒီအပိုင်း​လေးက​တော့ Infinity challenge ရဲ့ အပိုင်း၅၀၀ ​မြောက်​အစီအစဉ်​ရဲ့
ပထမပိုင်း​လေးပါ ဒီအပိုင်း​လေးမှာ​တော့ အဖွဲ့သား​တွေအားလုံးဟာ  လွန်​ခဲ့တဲ့
 အပိုင်း​တွေထဲကမှ အမှတ်​တရ အဖြစ်​အပျက်​​တွေ အခက်​အခဲ​တွေအများကြီးရှိ​နေတဲ့
အပိုင်း​တွေကို  အမှတ်​တရအ​နေနဲ့ ပြန်​လည်​ဖမ်းယူရတဲ့အပိုင်း​လေးပါ
အရမ်းကို​ရေပန်းစားလူကြိုက်​များ​နေတဲ့ ပိုကီမွန်​ ဂိမ်းလိုမျိုး ​ဆော့ကစားရတာဖြစ်​ပါတယ်
နည်းပညာပစ္စည်း​တွေ နဲ့ အသုံးပြုပြီး​ဆော့ကစားရတာပါ သူတို့ကို သွား​ရောက်​ဖမ်းယူရမယ့်​ 
နေရာ​တွေကို​သဲလွန်​စ​ပေးထားပါတယ်​ အဲ့ဒီသဲလွန်​စ​တွေအတိုင်းပဲလိုက်​လံဖမ်းဆီးရမှာပါ
အစစ်​​တွေကိုဖမ်းမိပြီးသွားရင်​ အဲ့ဒီ​နေရာကို ထပ်​ပြီးလာ​ရောက်​ဖမ်းဆီးတဲ့ လူအတွက်
 အရိုး​ခေါင်း တစ်​ခုကျန်​ရှိ​နေအုံးမှာပါ အရိုး​ခေါင်းကြီးကို အစစ်​ထင်​ပြီးဖမ်းဆီးမိတဲ့ သူက
ဘယ်​လိုဖြစ်​မလဲ ဘယ်​လိုဆိုးကျိုး​တွေရရှိမလဲ ဆိုတာကို
 ဒီတပါတ်​ထမဆုံးအပိုင်း​လေးမှာကြည့်​ရှု​အား​ပေးကြပါအုံး
(Ayenyeing Thu မှတင်ဆက်ထားပါသည်)
Translated by Ayenyeing Thu
Encoded by Bo Bo Naing
Download with pcloud
Download with yoteshinportal (720,480,360)
Thursday, December 1, 2016
Running Man Ep 279
ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း၂၇၉
X man VS Running Man Part 2
ဒီ Ep ကတော့ 278 အဆက်ဖြစ်ပြီး X man ကို သတ်မှတ်တဲ့အချိန်အတွင်းမှာ
ရှာပြီး name tag ခွာရမှာပါ
အကယ်​၍ X man ကိုမခွာနိုင်ပဲ Mission ပြီးဆုံးခဲ့မယ်ဆိုရင်တော့
 X Man နိုင်တဲ့အပြင် X man ကို ကာကွယ်မယ့် RMan လဲအနိုင်ရမှာဖြစ်ပါတယ်
ဒါဆို X Man ကဘယ်သူလဲ?
X man ထင်ပြီး ဘယ်သူ့ကိုဝိုင်းတိုက်ခိုက်ကြလဲ?
Ep278 မှာ runner တွေသိထားတဲ့ R Man lee kwang Soo ကရော
ဘယ်လိုအလွဲလွဲအမှားနဲ့ Xmen ကိုကာကွယ်မလဲဆိုတာ 😃
Translated by Sai Kyaw Lynn 
Encoded by Thomas Nicolas  ACM
Review by Nay Thurain
Download with Yoteshinportal
>>RACE START<<