Episodeနံပါတ်​ရှာရန်

Tuesday, November 29, 2016

Running Man Ep 327


ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၂၇

------------------------------------

Daeguရှိ Seomun ဈေးတန်းရဲ့ စားသောက်တန်းကနေ ဒီတစ်ပတ်အစီစဉ်ကိုစတင်ခဲ့ပါတယ်။
ဧည့်သည်သရုပ်ဆောင်များအနေနဲ့ ကျန်ခဲ့တဲ့ရက်ပိုင်းကမှ ဇာတ်သိမ်းခဲ့တဲ့
Jealousy Incarnate ဇာတ်ကားမှ မင်းသား Jo Jung Suk နဲ့
EXO အဖွဲ့မှ အဆိုတော် D.O တို့က အဓိက ပါဝင်တင်ဆက်ပေးခဲ့ပါတယ်။

ညီအစ်ကိုတွေရဲ့ ချစ်ခြင်းမေတ္တာကိုပြသဖို့တွက် Jae Seok နဲ့ Kwang Soo တို့ကို Bromance House ဆိုတဲ့ခေါင်းစဉ်နဲ့ စတင်စေခဲ့ပါတယ်။

ဧည့်သည်ညီအစ်ကို ၂ယောက်မှာကြားထားသမျှ အစားသောက်တွေကို
ရှုံးသူက ကျသင့်ငွေရှင်းဖို့ ပေါ့ပါးတဲ့ အမြန်ကစားနည်းတွေနဲ့ ရွေးချယ်ရင်း
ပြိုင်ပွဲကျင်းပရာနေရာမှာ ကျန်အဖွဲ့သားတွေနဲ့ စုပေါင်းခဲ့ပါတယ်။

ကစားနည်းစဖို့တွက် Rock-Paper-Scissors နည်းနဲ့ လူမရွေးတော့ပဲ
တစ်ယောက်လည်ဆံမွှေးကို တစ်ယောက်ဆွဲရင်း
 နောက်ဆုံးကျန်သူတစ်ယောက်ကိုရွေးချယ်တဲ့နည်းကို
အသုံးပြုခဲ့တာကလည်း ပျော်စရာပါ။

Night Market Bingo ကစားနည်းတွက်
နှစ်ယောက်တစ်ဖွဲ့ Bingo Sticker လေးတွေလိုက်စုရင်း
 နောက်ဆုံး Mission အနေနဲ့Card ရွေးရတဲ့ကစားနည်းနဲ့ပြစ်ဒဏ်ပေးမခံရအောင်ေ
ရှာင်ကြရပြန်ပါတယ်။

အဲဒီလိုနဲ့ ကံဆိုးသူမောင်ရှင်တို့အဖွဲ့က ဘယ်သူကျန်ခဲ့မလဲဆိုတာ
ပရိသတ်ကြီးက ဆက်လက်ကြည့်ရှုအားပေးလိုက်ပါဦးနော်

"အညွှန်းကို Onestar မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်

Translated by Sai Kyaw Lynn
Encoded by Bo Bo Naing

Download here
<<RACR START>>

Yoteshin portal
>>Race Sta®t<<

Saturday, November 26, 2016

Roommate S1 E1

ကြယ်ပွင့်များရဲ့အခန်းဖော် အတွဲ ၁(၁)

Roommate Season 1,Ep 1


Guests ...Park Chan Yeol (EXO), Hong Soo Hyun, Jo Se Ho, Lee Dong Wook, Lee So Ra, Na Na (After School), Park Bom (2NE1), Park Min Woo, Seo Kang Joon (5urprise), Shin Sung Woo, and Song Ga Yeon


အားလုံး စောင့်မျှော်နေတဲ့ Roommate ဆိုတာကြီးလာပါပြီ
မကြည့်ဖူးရင်တောင် ကြားဖူးကြမှာပါ
အိမ်တအိမ်ထဲမှာ  သရုပ်ဆောင်.အဆိုတော်.
ဟာသာလူရွှင်တော် .အားကစားသမား စတဲ့ အနုပညာရှင် တွေ
အတူတကွနေထိုင်ပုံကို ရိုက်ကူးထားတဲ့

ရသစုံလင်အစီစဉ်ကောင်းတစ်ခုဖြစ်ပါတယ်


ကင်မရာ အလုံးပေါင်း ၆၀ တပ်ထားတဲ့ အိမ်ထဲမှာ
ဘယ်သူတွေနဲ့ ဘယ်လိုအိပ် ဘယ်လိုစားကြသလဲဆိုတာ
HD လေးနဲ့ ကွကိုသာကြည့်ကြပါဗျာ..
သိပ်ညွှန်းစရာမရှိပါဘူး
(ကို စိုင်းကျော်လင်းရဲ့ ပထမဆုံး ဘာသာပြန်ဖူးတဲ့ 
ရသစုံလင်ပါ)
Translated by Sai Kyaw Lynn & Aye Nyeing Thu
Encoded by Thomas Nicolas ACM
Duration 1hr 53min 09s

Download with pcloud(For HD 720p)

Download with yoteshin portal(For 360p,480p,720p)

Note: HD down သူများ Pcloud ဖြင့်သာဒေါင်းပါ

Running Man Ep 326


ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ (အပိုင်း ၃၂၆)

----------------------------------
Theme... Food Thief Race



ဒီအပိုင်းမှာတော့ ကျနော်တို့ရဲ့ ဂန်ဂယ်ရီကြီးမပါဝင်တော့ပါဘူး😢😢
ဒီအပိုင်းမှာတော့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ယှဉ်ပြိုင်ကြတာပါ
(ဘယ်လိုခွဲလဲ ကွကိုယ်သာကြည့်)

ပထမအပိုင်းကို ၃ပိုင်းခွဲပြီးယှဉ်ပြိုင်ကြပါတယ်

နေ့လည်ပိုင်း စားသောက်ချိန်ရောက်တော့
Running Man ရဲ့ ပုံစံအတိုင်း အနိုင်ရတဲ့အသင်းကိုပဲ
ကျွေးတာဆိုတော့ ဘယ်လို ကြိုးစားကြမယ်ဆိုတာ..

ပြောဖို့မေ့သွားတယ် Hidden mission ဆိုပြီးပွဲအစကတည်းကပါဝင်လာခဲ့ပါတယ်
 အစားစာသူခိုးက ဘယ်သူဖြစ်မလဲ
ဘယ်လိုတာဝန်ထမ်းဆောင်ရမလဲဆိုတာ...
             

Translated by Sai Kyaw Lynn
Encoded by Joker.phs
Review by Thomas Nicolas ACM

Download with pcloud
>>>HE®E<<<

Tuesday, November 22, 2016

Running Man Ep 216


ယှဉ်ပြိုင်ဆော့ကစားကြယ်ပွင့်များ အပိုင်း ၂၁၆



ဒီအပိုင်းလေးကတော့ ဧည့်သည်တစ်ယောက်မှမပါဝင်ပါဘူး
Theme နာမည်က  Running man Heroes နာမည်လေးအတိုင်းပဲ
အဖွဲ့ဝင် ၇ ယောက်လုံးဟာ စွမ်းအင်တွေအပြည့်ရှိတဲ့
  နာမည်ကြီးသူရဲကောင်းတွေပါ(ဘယ်လိုမျိုး သူရဲကောင်းတွေဖြစ်မလဲ?)
 ဒါပေမယ့်အခုအခါမှာတော့သူတို့တွေဟာ
အအေးခန်းထဲမှာလှောင်ပိတ်ခံထားပြီးစွမ်းအားတွေထုတ်ယူခံထားရပါတယ်
 နောက်၁၀နာရီကြာတဲ့အချိန်မှာ သူတို့ရဲ့စွမ်းအင်တွေပါတဲ့ အာကသယဉ်ကြီးဟာ ကိုရီးယားနိုင်ငံရဲ့တစ်နေရာကိုရောက်လာမှာပါ သူတို့တွေဟာ
 အဲ့ဒီယဉ်ကြီးရှိတဲ့နေရာကိုသွာပြီးတော့မှ သူတို့ရဲ့စွမ်းအင်တွေကိုပြန်လည်ရယူရမှာပါ
 ဒါပေမယ့် လွယ်လွယ်ကူကူနဲ့တော့ ပြန်ယူလို့ရမှာမဟုတ်ပါဘူး သူတို့ရဲ့စွမ်းအင်တွေရရှိဖို့
မစ်ရှင်တွေ ပြိုင်ပွဲတွေလုပ်ဆောင်ပြီးမှ ရရှိမှာပါ ကဲဒီတော့ သူတို့တွေရဲ့စွမ်းအင်တွေပြန်ရမှာလား
 ဘယ်လိုမျိုးလှည့်စားမှုေ လးတွေရှိနေအုံးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှု့အားပေးကြပါအုံး

Translated by Yadanar Hlaing
Encoded by Joker.phs
Review by Ayenyeing Thu 
Download with Pcloud

HE®E

Wednesday, November 16, 2016

Running Man ep 325

ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ (အပိုင်း 325)



<Deficiency Travel>

တနည်းအားဖြင့် Lack Of Gary Trip "Get Some Air" လို့အမည်ပေးထားပါတယ်....

Gary Member အနေနဲ့ မပါတဲ့ ပထမဆုံး Ep လဲဖြစ်ပြီး.....Gary က တော့ ဒီ Ep မှာ Special Guest အနေနနဲ့ပါဝက်ခဲ့ပါတယ်
Mission ကို 6 hours အတွင်းမှာပြီးစီးအောင်လုပ်ဆောင်မှာဖြစ်ပြီး Mission တွေမှာကုန်ကျမယ့် စားစရိတ် သွားလာစရိတ်တွေကိုလောက်ငှအောင်သုံးဆွဲရမှာဖြစ်ပါတယ်
Mission တစ်ခုဆီတိုင်းမှာ Gary နဲ့ Mission အတူလုပ်ရမှာဖြစ်ပြီးအောင်မြင်ခဲ့ရင်တော့ Discount ရပြီး ကုန်ကျစရိတ်တွေကလျော့နည်းသွားမှာပါ....
ပြီးနောက် Member အားလုံး Gary Studio သွားပြီး Gary နဲ့အတူ Song ဆိုတဲ့ Mission ထမ်းဆောင်ရမှာပါ...(Gary က သူ Guest အဖြစ်ပါဝင်တာမသိသေးပါဘူး Member တွေရောက်လာမှသိတယ်)
နောက်ပြီး Gary မသိအောင် 7012 အတွက်   Mission  ကတော့ Gary အတွက် Member 6ယောက်က selfie ရိုက်ပြီး Gary မသိအောင် သူ့ရဲ့အသုံးအဆောင်ပစ္စည်းမှာလိုက်ကပ်ရတဲ့ Mission
တွေထမ်းဆောင်ရမှာဖြစ်ပြီး (sefile ဆွဲတဲ့နေရာမှာ Gary အတွက် နေရာ တစ်နေရာချန်ထားပေးခဲ့ပါတယ် 7012 ဆိုတာအဲဒါပါပဲ 7=7member, 0 1 2 = forever)
Gary ရဲ့ bicycleခိုးယူပြီး Mission အတွက်အသုံးပြုခဲ့ကြပါတယ်

နောက်ဆုံးမှာတော့ Gary အတွက်အရေးပါပြီး အမှတ်ရစေမယ် ပစ္စည်းဝယ်းပေးရပါတယ်...
အားလုံးရဲ့ စိတ်ကူးအတိုင်း ဘောပင် 7ချောင်းဝယ်ခဲ့ပါတယ် တစ်ယောက်တစ်ချောင်းစီပေါ့  ဘောပင်ကနေရာတကာအသုံးဝင်တဲ့အရာပါပဲ....

ဒီ Ep မှာ Monday Couple moment လဲအများအပြားပါဝင်ပြီး Monday Couple Fan တွေပျော်ရွှင်ကျေနပ်ကြပါလိမ့်မယ်....

ထူးထူးခြားခြား ဒီ Ep မှာ Mission တွေကလဲပျော်စရာကောင်းပြီး လူရိုးကြီးGary ကိုဘယ်လို လှည့်စားပြီး Gary မသိအောင် secret Mission တွေဘယ်လိုထမ်းဆောင်ကြမလဲ? ????
Monday Couple ကလဲ ဘယ်လိုမျိုး Skinship တွေနဲ့ သူတို့ 2ယောက်ကြားက အမှန်တကယ် Relationships ကို Fan ကိုသိမြင်နိုင်ပြီး Fan တွေအတွက်တော့အရမ်းဝမ်းသာစေတဲ့သူတို့ 2ယောက်ပတ်သက်မှုက????
Ep.325 လေးကြည့်ပြီးခံစားကြပါအုံးနော်

Finally
Gary ဟာ သူတို့အတွက် မိသားစုအဖြစ်အဖြစ်အမြဲတမ်းသတ်မှတ်ထားပြီး Garyကတော့ သူတို့အတွက် အမြဲတမ်းအဖွဲ့ဝင်ပါပဲ.....


#7012forever
Translated by Sai Kyaw Lynn
Encoded by Jocker.phs
Review by Gary Lolo-Nay Thurain

Download with Pcloud(720p HD)
>>HE®E<<.

Monday, November 14, 2016

Running Man Ep 38

ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၈

Yoomes Bond Collection Part (1)

Running man ရဲ့အရင်တုန်းကအပိုင်းလေးတွေကိုကြည့်ရှုချင်တဲ့ ပရိတ်သတ်တွေအတွက်အထူးတင်ဆက်ပေးလိုက်ပါတယ် 
ဒီအပိုင်းလေးကတော့ ဧည့်သည်မပါဝင်ပဲ အဖွဲ့ဝင် 8 ယောက်တည်း 
ကစားထားတဲ့အပိုင်းလေးပါ ဒီအပိုင်းလေးက အပိုင်း ၃၈ရဲ့ 
ပထမအပိုင်းလေးပါ ယူဂျယ်ဆော့ရဲ့ Yoomes bond လို့
 အမည်တွင်ခဲ့တဲ့အပိုင်းလေးပါ ဒီအပိုင်းမှာ အဖွဲ့ဝင် တွေဟာ 
မဖွင့်လှစ်ရသေးတဲ့ဆေးရုံအသစ်ကြီးထဲမှာ မစ်ရှင်လုပ်ရမှာပါ
 မစ်ရှင်ကတော့ အဖွဲ့ဝင် တွေဟာ ဧည့်သည်တွေပါဝင်တယ်ထင်ပြီးဆေးရုံအနှံ့မှာ
ဧည့်သည်တွေကိုလိုက်ရှာနေတဲ့အချိန်မှာ ယူဂျယ်ဆော့ကတော့ ကျန်တဲ့ 
သူ တွေကိုရှင်းပစ်ဖို့လျှို့ဝှက်မစ်ရှင်ထမ်းဆောင်ရမှာပါ ယူဂျယ်ဆော့တစ်ယောက်
 ဘယ်လိုနည်းလမ်းတွေနဲ့ ရှင်းပစ်ရမှာလဲ အဖွဲ့ဝင်တွေကိုရော
အကုန်ရှင်းပစ်နိုင်ပါ့မလားဆိုတာကတော့ ဆက်လက်ကြည့်ရှုအားပေးကြပါအုံး
Translated by Thomas Nicolas ACM
Encoded by Linn Htet Oo
Review by Ayenyeing Thu
Download With Pcloud
>>HE®E<<

Download with Yoteshin portal
Uploading...

Friday, November 11, 2016

Running Man Ep 1


ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း(၁)






Running Man ရဲ့ သမိုင်းအစလို့ပြောလို့ရတဲ့ အပိုင်းလေးပါ
အားလုံးစောင့်မျှော်နေကြတဲ့ အပိုင်း 1 ကို တင်ဆက်ပေးလိုက်ပါတယ်
အဖွဲ့ဝင်တွေကတော့ Yoo jae suk ,Ji suk jin,Kim Jong Kook,
Kang Gary,Song Ji Hyo,Ha Ha,Lee kwang Soo,Song Jong Ki
ဧည့်သည်တွေအနေနဲ့ကတော့ Lee hyori ,Hwang jung Eun တို့ဖြစ်ပါတယ်

အားလုံးသိပြီးသားဖြစ်မှာပါ ဒီအပိုင်းမှာ တော့ အဖွဲ့ဝင် တွေဟာ အဖွဲ့နှစ်ဖွဲ့ခွဲပီးယှဉ်ပြိုင်ရပါတယ် ယှဉ်ပြိုင်ရတဲ့နေရာကတော့ ကုန်တိုက်ကြီးထဲမှာဖြစ်ပြီး ညနေခင်း
 သူတို့တွေကို ကုန်တိုက်ကြီးထဲမှာ ပိတ်ထားလိုက်ပြီး ကုန်တိုက်ဖွင့်ချိန်အမှီ
မစ်ရှင်တွေအများကြီးနဲ့ ပြိုင်ပွဲတွေယှဉ်ပြိုင်ရမှာပါ တကယ်လို့နှစ်သင်းစလုံးဟာ ကုန်တိုက်ဖွင့်တဲ့အချိန်အထိအသင်းနှစ်သင်းစလုံးဟာ မစ်ရှင်တွေမပြီးသေးဘူးဆိုရင်
 လူတွေရှေ့မှာ အပြစ်ပေးခံရမှာ ဖြစ်ပြီး တကယ်လို့တစ်သင်းနိုင်ခဲ့ရင်တော့
 ကျန်ရှိနေတဲ့ရှုံးနိမ့်တဲ့အသင်းက အပြစ်ပေးခံရမှာပါ ကဲ ဘယ်အသင်းက
 အနိုင်ရပြီး ဘယ်အသင်းက အပြစ်ပေးခံရမှာလဲ ဂွမ်ဗာတာ လေးကရော
 သမိုင်းအစကတည်းက ကံဆိုးတာလားဆိုတာကို ဒီအပိုင်းလေးကို
ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး

အညွန်းနဲ့ဘာသာပြန်သူကတော့ Ayenyeing Thu ပါ
Translated by Ayenyeing Thu
Encoded by Thomas Nicolas ACM

Download With Yoteshin Portal
>>HE®E<<

Law of the Jungle ep 237


 စွန့်စွန့်စားစား တောတွင်းသားများ (အပိုင်း ၂၃၇)


ပါဝင်တဲ့လူတွေကတော့ ကိုရီးယားနိုင်ငံရဲ့နယ်ပယ်အသီးသီးက
အောင်မြင်နေတဲ့ လူတွေဖြစ်တဲ့

Kim Byung-man, Lee Chun-hee, Kim Min-kyo, Park Se-young, Ye Ji-won, Eric Nam, Changsub (BTOB), Seo In-guk, Lee Seon-bin (ko), Kangnam (M.I.B), Ryu Seung-soo, Julien Kang 

ဒီအပိုင်းလေးမှာတော့ သူတို့တွေဟာမွန်ဂိုလီးယားနိုင်ငံရဲ့
 တောနက်ထဲမှာသွားပြီးရိုက်ကူးထားတဲ့ အပိုင်းတွေထဲက
 တစ်ပိုင်းပါ ဒီအပိုင်းမှာတော့ သူတို့တွေဟာ အဖွဲ့သုံးဖွဲခွဲလိုက်ပြီး
 နှစ်ဖွဲ့က  လူမရှိတဲ့ကျွန်းပေါ်ကိုပို့ခံရပါတယ် ဒီကျွန်းပေါ်မှာသူတိုတွေဟာ
ဘာပစ္စည်းမှ မပါပဲ ကျွန်းပေါ်မှာ ရှိတဲ့ပစ္စည်းတွေနဲ့ပဲ မစ်ရှင်တွေလုပ်ရမှာပါ
 မစ်ရှင်အောင်မြင်ရင် ချက်ချင်း ကျွန်းပေါ်ကပြန်ရမှာဖြစ်ပြီး
မအောင်မြင်ရင်တော့ ကျွန်းပေါ်မှာ တစ်ညအိပ်ရမှာပါ နောက်တစ်ဖွဲ့ကတော့ မွန်ဂိုလီးယားတောတွင်းမှာရှိတဲ့ လူမျိုးစုတွေဆီသွားပြီး
 မစ်ရှင်တွေလုပ်ရမှာပါ ကဲ ဒီတော့ သူတို့အားလုံး မစ်ရှင်တွေအောင်အောင်မြင်မြင်ပြီးမြောက်နိုင်မလားဆိုတာ
 ဆက်လက်ကြည့်ရှုအားပေးကြပါအုံး
(စစကြည့်ချင်းဆိုတော့ နားမလည်ပဲ ဖြစ်နေပါလိမ့်မယ်)
အညွန်းနဲ့ ဘာသာပြန်သူကတော့ Ayenyeing Thu ပါ

Translate by Ayenyeing Thu
Encoded by Jocker.phs

Download with Pcloud(HD)
>>HE®E<<

Download with Yoteshin Portal
Uploadinh......




Wednesday, November 9, 2016

Running Man Ep 278


ယှဉ်​ပြိုင်​ဆော့ကစား ကြယ်​ပွင့်​များ အပိုင်း ၂၇၈


X -Man Collaboration Special (part1)






ပရိတ်သတ်တွေကြားမှာ X man လို့ နာမည်​ ကြီးတဲ့အပိုင်းလေးပါ
ဧည့်သည်တွေကတော့  Chae Yeon, Lee Jong Soo, Bobby
 and B.I. (iKon),  Ji Min, Seol Hyun, Andy,
 KimLee Ji Hyeon, Kim Jung Nam (Turbo), Stephanie
 ဒီအပိုင်းလေးက Christmas အထူးစပယ်ရှယ်အနေနဲ့ကစားတဲ့အပိုင်းလေးလည်းဖြစ်ပါတယ်
 မစ်ရှင်ကတော့2015ခုနှစ်ရဲ့  X-man ရှာတဲ့ မစ်ရှင်ပါ ဒီပိုင်းလေးရဲ့မှာတော့
 ဧည့်သည်တွေနဲ့ runner တွေနဲ့ပေါင်းပြီး  X- man နဲ့ R-man ဆိုပြီးအဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပါတယ် ပြီးရင်တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြိုင်နှောက်ယှက်ကြပြီးပြိုင်ပွဲတွေကိုယှဉ်ပြိုင်ကြရတာပါ စပိုင်လိုမျိုးပဲ  X-man အသင်းအနိုင်မရရှိအောင်အမျိုးမျိုးနှောက်ယှက်ရမယ့် အထူးမစ်ရှင်ထမ်းဆောင်ရမယ့်
 R-man တစ်ယောက်ပါဝင်ပြီး သူကလည်း X-man ကိုရှာရမှာပါ ဘယ်သူက
 2015 ရဲ့ X-man ဖြစ်မလဲ ဘယ်သူကရောR-man ဖြစ်မလဲ ဘယ်လိုတွေယှဉ်ပြိုင်ရမှာလဲ ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ပေးကြပါအုံး

 (မရီရတာကြာပြီလို့ပြောနေတဲ့လူတွေကြည့်သင့်တဲ့အပိုင်းလေးပါ)


Translated by Sai Kyaw Lynn
Encoded by  Thomas Nicolas ACM
Review by Ayenyeing Thu 
Download with yoteshin portal 


Note: 5 sec ​စောင့်​ပြီး skip ad နှိပ်​ပါ (Testing,Adfly)

Tuesday, November 8, 2016

Running Man Ep-324 Myanmar Subtitle

Running Man Ep-324 Myanmar Subtitle

ယှဉ်ပြိုင်ဆော့ကစားကြယ်ပွင့်များ အပိုင်း(၃၂၄) မြန်မာစာတန်းထိုး


ဒီတစ်ပတ်တော့ တချို့လည်း သိပြီးသားဖြစ်မှာပါ။Running Man အဖွဲ့နဲ့ ၇နှစ်ကြာ လက်တွဲခဲ့တဲ့
Gary ကတော့ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ ဂီတအလုပ်တွေကိုလုပ်ကိုင်ဖို့
 နှုတ်ဆက်ထွက်ခွာတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ဧည့်သည်တွေတောင်ဖိတ်ခေါ်ခြင်းမပြုပဲ သူတို့အဖွဲ့သား ၇ ယောက်ထဲ
ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်နဲ့ Gary အတွက် နှုတ်ဆက်လက်ဆောင်ပေးဖို့
ကီလိုမီတာအကွာအဝေးတွေနဲ့ကစားခဲ့ကြတာကို မြင်တွေ့ရမှာပါ။

Gary ရဲ့စတူဒီယိုထဲမှာရှိတာတွေကို
သူမသိအောင် တစ်ယောက်တစ်မျိုးခိုးယူခဲ့ကြပြီး နောက်ဆုံးမှာတော့ သူတို့ခိုးယူခဲ့တာတွေနဲ့အတူ
Gary အတွက် သူတို့စိတ်ကူးနဲ့သူတို့ ၀ယ်ယူထားခဲ့ကြတဲ့လက်ဆောင်တွေကိုပေးရင်း
နှုတ်ဆက်စကားတွေ စာနဲ့ရေးပြီးပေးခဲ့ကြပါတယ်။

ရိုက်ကူးရေးအဖွဲ့သားတွေကလည်း
အပိုင်း ၁ ကနေစလို့ အမှတ်တရဓာတ်ပုံပေါင်းများစွာနဲ့ စိတ်ကူးပုံဖော်ပေးထားတဲ့
Gary ရဲ့ ပုံတူပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့ကြလို့ ၀မ်းသာပြီးမျက်ရည်တောင်
ကျခဲ့ရတဲ့ Gary ဒီလိုအမှတ်တရအချိန်ပေါင်းများစွာကို သူဘယ်လိုမေ့နိုင်မှာတဲ့လဲ

အဖွဲ့သားအားလုံးက Gary အတွက် အောင်မြင်စေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်
Gary အနာဂါတ်လမ်းခရီးမှာ အောင်မြင်ပါစေ . . .
Running Man ကို အစဉ်တစိုက် အားပေးခဲ့တဲ့ ပရိသတ်ကြီးကိုလည်း
Garyက ၀မ်းနည်းစွာနဲ့ နှုတ်ဆက်သွားပါတယ်။

အညွှန်းကိုတော့one starမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ဘာသာပြန်သူကတော့Sai Kyaw Lynnပါ။Encoderကတော့Pyi Hein Soeပါ။

အောက်ကlinkမှာdownloadလုပ်နိုင်ပါတယ်။

Pcloud Link
👇👇👇👇👇👇👇👇👇👇👇👇
Click Here

Google Drive Link
👇👇👇👇👇👇👇👇👇👇👇👇
Click Here

Yoteshin Protal(one click download)linkကတော့မနက်ဖြန်တင်ပေးပါမယ်။ပရိတ်သတ်တွေအမြန်ဆုံးကြည့်ရအောင်အမြန်တင်ပေးလိုက်တာပါ။အမှားပါရင်ခွင့်လွှတ်ပါ။

Portal linkကိုမှdownloadလုပ်ချင်သူများပတော့မနက်ဖြန်မှာကျွန်တော်တို့ရဲ့websiteဖြစ်တဲ့www.varietymyanmar.comမှာဝင်ရောက်ကြည့်ရှုပြီးdownloadလုပ်နိုင်ပါတယ်။

Sunday, November 6, 2016

Running Man Ep 260


ယှဉ်​ပြိုင်​​ဆော့ကစား ကြယ်​ပွင်​များ (အပိုင်း ၂၆၀)




ဒီအပိုင်းကတော့ Running Man program ရဲ့ ၅ နှစ်ပြည့်အထူးအစီအစဉ်အနေနဲ့
ရိုက်တဲ့အပိုင်းလေးပါ ဧည့်သည်တွေကတော့ ၁၉၉၀ ပြည့်နှစ်ကနာမည်ကြီးခဲ့တဲ့
အဆိုတော်တွေ နဲ့ rapper တွေဖြစ်တဲ့ Kim Gun-mo, Koo Jun-Yup (CLON),
Lee Ha-neul (DJ DOC), Lee Jae-hoon (Cool), Park Joon-hyung (g.o.d) တို့ဖြစ်ပါတယ် ဒီအပိုင်းက တော့  part 1(260) နဲ့ part 2(261) ဆိုပြီရိုက်ထားပါတယ်
 ပထမအပိုင်း၂၆၀ ရဲ့မစ်ရှင်ကတော့ မီလီယံနာ ပြိုင်ပွဲပါ ပြိုင်ပွဲပုံစံကတော့
 Runner တွေအကုန်လုံးဟာ Album တွေကို  ၁၀.  မီလီယံရအောင် ရောင်းချရမှာပါ ဘယ်လိုရောင်းချရမှာလဲဆိုတော့ အဖွဲ့ဝင်တွေဟာ မစ်ရှင်တွေကိုထမ်းဆောင်ရမယ် မစ်ရှင်တွေတစ်ခုပြီးတစ်ခုအောင်မြင်တိုင်းမှာ ပိုက်ဆံတွေတိုးလာမှာပါ  ဘယ်အဖွဲ့ကအရင်ဆုံး ရရှိမှာလဲ  ထုံးစံအတိုင်းပဲဘယ်လိုမစ်ရှင်တွေလုပ် ရအုံးမှာလဲဆိုတာ  ပြီးတော့ အပိုင်း ၂ မှာလဲ ဘယ်လိုပုံစံတွေဆက်ဖြစ်လာမှာလဲဆိုတာ သေချာလေးဆက်ကြည့်လိုက်ကြပါအုံးနော်
Translated by Phonemoe Moe
Encoded by Thik San Khank
Review by Ayenyeing Thu

Download with Pcloud link(720P HD)
>>HERE<<

Running Man Ep 296

ယှဉ်​ပြိုင်​​ဆော့ကစား ကြယ်​ပွင့်​များ (296)




Running man အပိုင်း 296 
 I AM SORRY, I LOVE YOU 
Guests: Mẹ Jong Kook, Lee Moon Sae,
 Lee Seung Joon, Yoon Gun, Chae Young In
အားလုံးတောင်းဆိုထားတဲ့ Kwang Soo ရဲ့အချစ်ဦးလာတဲ့အပိုင်းလေးပါ 
ဒီပိုင်းလေးကတော့ Runner တွေရဲ့ ဘဝမှာအရေးပါတဲ့လူတွေ အချစ်ဦးဖြစ်ခဲ့တဲ့လူတွေနဲ့ တွေ့ဆုံပြီးမစ်ရှင်တွေလုပ်ရတဲ့အပိုင်းလေးပါ အဖွဲ့ဝင်​ ၇ယောက်လုံးရဲ့ ဧည့်သည် တွေဟာနေရာအနှံမှာ သူတို့ကိုစောင့်ဆိုင်းနေကြပါတယ် အချိန် ၁၂ နာရီအတွင်းမှာ တစ်နေရာဆီမှာစောင့်ဆိုင်းနေကြတယ်ဧည့်သည်တွေဆီကိုသွားရောက်တွေ့ဆုံပြီးမစ်ရှင်တွေကို
ဧည့်သည်တွေနဲ့အတူလုပ်ဆောင်ရမှာပါတကယ်လို့ ၁၂ နာရီအတွင်းမှာသာ
 မအောင်မြင်ရင်သူတို့တွေအားလုံးဒဏ်ပေးခံရမှာပါ ကဲ runner တွေရဲ့
 ဧည့်သည်တွေ အချစ်ဦးတွေကဘယ်သူဖြစ်မလဲ ဧည့်သည်၇ယောက်လုံးနဲ့တွေ့ဆုံပြီး 
မစ်ရှင်တွေကိုထမ်းဆောင်နိုင်မှာလား ဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါအုံး



Translated by AyenyeingThu
Encoded by Thomas Nicolas ACM 
Download with yoteshin portal 


Tuesday, November 1, 2016

Running Man Ep323


ယှဉ်​ပြိုင်​​ဆော့ကစား ကြယ်​ပွင့်​များ (အပိုင်း ၃၂၃)


 Theme~  MY AVATAR CAN
Guest(s)~ Kim Jun Hyun, Seo Ji Hye, Min Ho (SHINee),
 Jang Do Yeon, Yang Se Chan




 ဒီအပိုင်းလေးဟာ gary ရဲ့နောက်ဆုံးပါဝင်တဲ့ဒုတိယအပိုင်းလေးလည်းဖြစ်ပါတယ်
စိတ်မကောင်းစရာကောင်းပါတယ် အပိုင်းတွေတဖြည်းဖြည်းနီးလာပါပြီ
 ဒီနေ့အပိုင်းလေးရဲ့မစ်ရှင်အစကတော့ ဘယ်သူကခိုင်းနေမှန်းမသိတာတွေကို
နားကြပ်ကလေးတစ်ခုကနေနားထောင်ပြီးခိုင်းသမမျှလိုက်လုပ်ပြီး စခဲ့ပါတယ်
 တကယ့်မစ်ရှင်ကတော့ member တွေဟာ avatar လို့ခေါ်တဲ့
စံအိမ်တစ်ခုထဲမှာမစ်ရှင်တွေလုပ်ရမှာပါ သူတို့ အိမ်ထဲမဝင်ခင်မှာ
ဧည့်သည်တွေရော member တွေရောကို
အိတ်တွေချပေးပြီးရွေးချယ်ခွင့်ပေးထားပါတယ် အိတ်တွေကတော့
 ရွှေပါတဲ့အိတ်တွေနဲ့ ဗုံးတွေပါတဲ့အိတ်တွေပါ
သူတို့ဟာတစ်ယောက်တစ်အိတ်ဆီရွေးချယ်ပြီးဝင်သွားရပေမယ့် ပြိုင်ပွဲတွေတစ်ဆင့်ပြီးတိုင်းပြီးတိုင်းမှာလဲလှယ်ခွင့်ရှိပါတယ် နောက်ဆုံးမှာ ဗုံးတွေနဲ့ကျန်ခဲ့တဲ့အိတ်ပိုင်ရှင်တွေကအပြစ်ပေးခံရမှာဖြစ်ပါတယ် ကဲ member တွေဘယ်လိုစိတ်လှုပ်ရှားအံ့သြစရာမစ်ရှင်တွေနဲ့ကြုံတွေ့ပြီး ဘယ်သူတွေကရွှေအိတ်တွေရမလဲ အမြဲတမ်းရွှေတွေနဲ့အကျိုးပေးတဲ့ဂျီဟိုလေးရော ဒီတစ်ခါရွှေတွေရအုံးမှာလား ဘယ်သူကရော ဗုံးပါတဲ့အိတ်ရတဲ့အပြင်ပ်ပြီးအပြစ်ပေးခံရအုံးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး

Translated by Sai Kyaw Lynn 
Encoded by Thomas Nicolas ACM 
Review by Ayenyeing Thu
Download With Yoteshin Portal 

480p or 360
HERE