Episodeနံပါတ်​ရှာရန်

Saturday, December 31, 2016

Running Man Ep-224

ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၂၂၄



ဒီတစ်ခါ အပိုင်း 224 အကြောင်းလေးနည်းနည်းအမြည်းပေးကြည့်မယ်နော်!
မင်းသမီး Han Groo, Jeon So-min, Kwang Soo နဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ Lee Sung Kyung , MMA fighter ခပ်ချောချောလေး Sohn Ga -yeon နဲ့ အိနြေ္ဒရတဲ့မင်းသမီး Kyung Soo-Jin တို့က guest အနေနဲ့ပါဝင်ထားကြတာဖြစ်ပါတယ်။ 
Show အစမှာ သူတို့၅ယောက်နဲ့အတူ အစ်မJi Hyo ကပါ Parcelတစ်ထုပ်စီတယောက်ဝင်ရပ်နေကြပြီး ကျန်တဲ့ အမျိုးသားတွေက သူတို့ကြိုက်တဲ့ပါဆယ်ကိုရွေးပြီးပါတနာရွေးရတာပါ။ 
အစ်မJi Hyo ကတော့ဒီနေ့ မိတ်ကပ်လိမ်းပြီးလှတပတပြင်ဆင်လာတာကြောင့် 
သူနဲ့တွဲရမယ့် Big nose တောင်ရှက်သလိုလိုဖြစ်နေခဲ့ပါသေးတယ်။ 😂
အဲ့ဒီမှာ Scary team ကတော့ Spata Jong Kook နဲ့ ဖိုက်တာGa-yeon တို့အတွဲပါပဲ။ ကျန်တဲ့စုံတွဲတွေကြောက်ရမယ့်အတွဲပေါ့။ 
ပါတနာရပြီးအဝတ်မလဲရသေးခင်မှာပဲ ဝုန်းဒိုင်းကြဲပြီး မစ်ရှင်စပါလေရော...ထုံးစံအတိုင်းKwang Soo တို့ကတော့ ညစ်လိုက်သေးတာပါပဲ။တကယ်တမ်းနိုင်တာက Kookie တို့အတွဲပါ! 😁😂
ပြီးတော့ Summer Team နဲ့ Winter team ခွဲပြီး တကယ်ဆော့ရမယ့် နေရာကို ကားတွေနဲ့သွားကြပါတယ်။ 
Summer teams တွေက ရေကူးကန်ကိုသွားပြီး Winter teams တွေက Wintery Park ကိုသွားကြတာပါ
အဲ့ဒီမှာအားလုံးအူတက်အောင်ရယ်ရမယ့် ဂိမ်းစတာပါပဲ  MC Yoo နဲ့ Kwang Soo တို့ပေါင်းပြီး Kookie ကိုအနိုင်ကျင့်တာကိုလဲတွေ့ရဦးမှာပါ။ 
Winter teams တွေရဲ့ Igloo ထဲက Dance Party ကိုလဲမြူးမြူးကြွကြွကြည့်ရဦးမှာဖြစ်ပါတယ် ။ 
Gary နဲ့ Soo Jin တို့ရဲ့ My ear's candy အကကိုအားလုံးသဘောကျကြမှာပါ။အသည်းပုံအပိုင်းလေးတွေ မှန်အောင်ဆက်ရမယ့်ဂိမ်းမှာလဲ PD တွေကို complaint တက်ကြပါသေးတယ် ။ Summer team ရဲ့မစ်ရှင်ကိုသိပြီးတော့မှ သူတို့ဒီမစ်ရှင် ကိုပဲကောင်းအောင်လုပ်တော့ပါမယ်တဲ့။ 😆😂😂😂😂
ဒီလိုဒီလိုမစ်ရှင်တွေပြိးတဲ့နောက်မှာတော့ SBS building ထဲက အမေးအဖြေဂိမ်းတွေနဲ့  trampoline ပေါ်မှာခုန်ပြီး ဘက်စကတ်ဘောပစ်ရတဲ့ဂိမ်းတွေကတော့ အားလုံးအကြိုက်ဖြစ်မှာပါ။ 
Gary ကတော့ fighter လေး Ga yeon ရဲ့Low kick ကိုမြည်းစမ်းလိုက်ရပါသေးတယ်။
ကဲ...... 1 vs 5 hide and seek name tag ripping game နဲ့အဆုံးသတ်ထားတဲ့ဒီအပိုင်းမှာ ဘယ်သူက final winner ဖြစ်မလဲဆိုတာရင်ခုန်စွာနဲ့ကြည့်လိုက်ကြရအောင်ပါ။

အညွှန်းကတော့ Moe Pauk Pauk Hlaing ဖြစ်ပြီး
ဘာသာပြန်သူကတော့ ကိုစိုင်းပါ

Translated by Ko Sai
Encoded by Pyae Sone Moe
Review by Moe Pauk Pauk Hlaing 

Watch and download (720p) Google drive

Watch and download (360,480p)
Plz wait

Download pcloud (720p) (518mb)


Note: (720) ကို pcloud ကသာဒေါင်းကြပါရန်


No comments:

Post a Comment