Episodeနံပါတ်​ရှာရန်

Tuesday, November 8, 2016

Running Man Ep-324 Myanmar Subtitle

Running Man Ep-324 Myanmar Subtitle

ယှဉ်ပြိုင်ဆော့ကစားကြယ်ပွင့်များ အပိုင်း(၃၂၄) မြန်မာစာတန်းထိုး


ဒီတစ်ပတ်တော့ တချို့လည်း သိပြီးသားဖြစ်မှာပါ။Running Man အဖွဲ့နဲ့ ၇နှစ်ကြာ လက်တွဲခဲ့တဲ့
Gary ကတော့ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ ဂီတအလုပ်တွေကိုလုပ်ကိုင်ဖို့
 နှုတ်ဆက်ထွက်ခွာတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ဧည့်သည်တွေတောင်ဖိတ်ခေါ်ခြင်းမပြုပဲ သူတို့အဖွဲ့သား ၇ ယောက်ထဲ
ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင်နဲ့ Gary အတွက် နှုတ်ဆက်လက်ဆောင်ပေးဖို့
ကီလိုမီတာအကွာအဝေးတွေနဲ့ကစားခဲ့ကြတာကို မြင်တွေ့ရမှာပါ။

Gary ရဲ့စတူဒီယိုထဲမှာရှိတာတွေကို
သူမသိအောင် တစ်ယောက်တစ်မျိုးခိုးယူခဲ့ကြပြီး နောက်ဆုံးမှာတော့ သူတို့ခိုးယူခဲ့တာတွေနဲ့အတူ
Gary အတွက် သူတို့စိတ်ကူးနဲ့သူတို့ ၀ယ်ယူထားခဲ့ကြတဲ့လက်ဆောင်တွေကိုပေးရင်း
နှုတ်ဆက်စကားတွေ စာနဲ့ရေးပြီးပေးခဲ့ကြပါတယ်။

ရိုက်ကူးရေးအဖွဲ့သားတွေကလည်း
အပိုင်း ၁ ကနေစလို့ အမှတ်တရဓာတ်ပုံပေါင်းများစွာနဲ့ စိတ်ကူးပုံဖော်ပေးထားတဲ့
Gary ရဲ့ ပုံတူပန်းချီကားတစ်ချပ် လက်ဆောင်ပေးခဲ့ကြလို့ ၀မ်းသာပြီးမျက်ရည်တောင်
ကျခဲ့ရတဲ့ Gary ဒီလိုအမှတ်တရအချိန်ပေါင်းများစွာကို သူဘယ်လိုမေ့နိုင်မှာတဲ့လဲ

အဖွဲ့သားအားလုံးက Gary အတွက် အောင်မြင်စေဖို့ ဆုတောင်းပေးခဲ့ကြပါတယ်
Gary အနာဂါတ်လမ်းခရီးမှာ အောင်မြင်ပါစေ . . .
Running Man ကို အစဉ်တစိုက် အားပေးခဲ့တဲ့ ပရိသတ်ကြီးကိုလည်း
Garyက ၀မ်းနည်းစွာနဲ့ နှုတ်ဆက်သွားပါတယ်။

အညွှန်းကိုတော့one starမှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။ဘာသာပြန်သူကတော့Sai Kyaw Lynnပါ။Encoderကတော့Pyi Hein Soeပါ။

အောက်ကlinkမှာdownloadလုပ်နိုင်ပါတယ်။

Pcloud Link
👇👇👇👇👇👇👇👇👇👇👇👇
Click Here

Google Drive Link
👇👇👇👇👇👇👇👇👇👇👇👇
Click Here

Yoteshin Protal(one click download)linkကတော့မနက်ဖြန်တင်ပေးပါမယ်။ပရိတ်သတ်တွေအမြန်ဆုံးကြည့်ရအောင်အမြန်တင်ပေးလိုက်တာပါ။အမှားပါရင်ခွင့်လွှတ်ပါ။

Portal linkကိုမှdownloadလုပ်ချင်သူများပတော့မနက်ဖြန်မှာကျွန်တော်တို့ရဲ့websiteဖြစ်တဲ့www.varietymyanmar.comမှာဝင်ရောက်ကြည့်ရှုပြီးdownloadလုပ်နိုင်ပါတယ်။

1 comment:

  1. ကျေးကျေးပါဗျို့
    အမြဲအားပေးနေတယ်

    ReplyDelete