Episodeနံပါတ်​ရှာရန်

Thursday, October 27, 2016

Running Man Ep 295


ယှဉ်​ပြိုင်​​ဆော့ကစား ကြယ်​ပွင့်​များ အပိုင်း ၂၉၅



Guest-Park Seo Joon, Moon Hee Jun, Kyuhyun (Super Junior), Lee Yo Won, Choo Seok





ဒီအပိုင်းရဲ့ နာမည်လေးက  I am sorry, I love you ပါ
ထူးခြားတယ်နော် သတိမထားခဲ့မိပါဘူးအစက
ဒီအပိုင်းဟာ အရမ်းကိုထူးခြားတဲ့အပိုင်းလေးပါ guest တွေနဲ့တစ်နေရာထဲမှာစုပြီးကစားရတာမဟုတ်ပဲ တစ်ယောက်ချင်းစီနဲ့ တစ်နေရာစီမှာကစားရတာပါ ဒီအပိုင်းက ကစားတယ်ဆိုတာထက် ခံစားချက်တွေထုတ်ပြောပြီးရင်ဖွင့်ရတဲ့အပိုင်းဆိုရင်ပိုမှန်ပါလိမ့်မယ်
ဘာလို့လဲဆိုတော့ ဂိမ်းတွေကစားပြီးတဲ့နောက်မှာ
သူတို့တွေကိုအတွဲလေးတွေတွဲပီး ခံစားချက်တွေကို
စာရွက်ပေါ်မှာရေးခိုင်းပြီး သီးသန့်အခန်းလေးတွေလုပ်ပြီးရင်ဖွင့်စေပါတယ် တကယ်ကိုမျက်ရည်ကျရတဲ့အပိုင်းလေးပါ ဒီအပိုင်းလေးကိုကြည့်ပြီးရင်
runner တွေဘယ်လောက်ပင်ပန်းတယ် ဘယ်လိုတွေအနစ်နာခံခဲ့ကြတယ် ဘယ်လိုစိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းခဲ့ကြရလဲဆိုတာခံစားမိမှာပါ
Gary နဲ့ Haha ရင်ဖွင့်တဲ့အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်တောင်းပန်
စကား​ပြောဆိုပြီး ပြီးသွားပေမယ့် Jae suk နဲ့ရင်ဖွင့်တဲ့အချိန်မှာတော့ သူဟာ သီချင်းရေးရတာတွေ သီချင်းဆိုရတာတွေလုပ်ရတဲ့အတွက်ကြောင့် စိတိဖိစီးမှု့တွေရခဲ့ပြီးအရမ်းကိုထွက်ချင်ပေမယ့် ဒီရိုးကြီးတစ်ခုလုံးရဲ့
ကူညီဖေးမမှု့တွေနဲ့ အဖွဲ့ဝင်တွေရဲ့ သံယောဇဉ်တွေကြောင့်
မထွက်ဖြစ်တာလို့ပြောပါတယ်
တကယ်တော့ gary ဟာ အဲ့ဒီအချိန်ကတည်းက သူ့မှာဆုံးဖြတ်ချက်
တစ်ခုရှိနေလောက်ပါပြီ ဒီအပိုင်းလေးကြည့်ပြီးရင် runner fan
 တွေတကယ်ကို မျက်ရည်ကြရမယ့်အပိုင်းလေးပါ သူတို့တွေဟာတကယ်ကိုတစ်ယောက်နဲ့တစ်ယောက်အနစ်နာခံ
 ကူညီဖေးမ စောင့်ရှောက်ပြီးမှ ဒီလိုအောင်မြင်တဲ့ရှိုးကြီးတစ်ခုဖြစ်လာတာပါ အရင်ကလည်းကြည့်ခဲ့ဖူးပါတယ် ဒီရက်ပိုင်းခံစားချက်နဲ့ပြန်ကြည့်တဲ့အချိန်မှာ မျက်ရည်တောင်ကြမိပါတယ် အားလုံးလဲအတူတူခံစားရမယ်လို့ထင်ပါတယ်

Translated by Sai Kyaw Lin(SKL)
Encoded by Su Su
Review by Ayenyeing Thu
With Yoteshin Portal 

Download with yoteshin Portal
>>>နှိပ်​​စေ<<<

No comments:

Post a Comment