Episodeနံပါတ်​ရှာရန်

Tuesday, January 17, 2017

Running Man ep 334


ယှဉ်ပြိုင်ဆော့ကစားကြယ်ပွင့်များ (အပိုင်း ၃၃၄)



Runner တွေသိတဲ့အတိုင်း "Member Week " ဆက်ရိုက်နေကြတာဖြစ်ပါတယ်

Ep334 ကတော့ "Kim Jong Kook. Special " အဖြစ် ပြုလုပ်ခဲ့ကြပါတယ်

ဒီ Ep မှာတော့ RM တစ်လျောက်လုံး အင်အားကြီးခဲ့တဲ့ Commendar က Member
 တွေစီးတဲ့ ကားကို သန်သန်မာမာ ဆွဲပြပေးတာကိုလဲမြင်တွေ့ရမှာ

ဒီ Ep က "Kim Jong Kook Special " ဖြစ်တာကြောင့် Kim Jong Kook
အတွက် "Blind Dating " ပြုလုပ်ပေးခဲ့ပါတယ်

Kim Jong Kook Date ရမယ့်သူက အနုပညာနယ်ပယ်က မဟုတ်ဘဲ သာမန်သူတဦးပဲဖြစ်ပါတယ်

Blind Dating မှာ Kim Jong Kook နဲ့ သူမ ဘယ်လို Romance ဆန်ဆန်
Date ကြမလဲ

Members တွေကလဲ ဘယ်လို Mission မျိုးထမ်းဆောင်ကြမလဲ?
Jong Kook ကို ဘယ်လို Supporting တွေနဲ့ Jong Kook နဲ့ သူမ နီးစပ်အောင်လုပ်ပေးကြမလဲ

Jong Kook ကရော သူမကို တကယ်ပဲသဘောကျသွားမလားဆိုတာကို Ep 334 ကြည့်ရင်း Jong kook ရဲ့ပျော်ရွှင်မှုကို မျှဝေယူကြပါလို့ 😀

@ACM

Translated by Ko Sai

Encoded by Pyae Sone Moe 

Review by Nay Thurain



Drive 720p(520MB)

yoteshinportal(360,480,720)

Friday, January 13, 2017

Roommate S1 E4


ကြယ်ပွင့်များရဲ့ အခန်းဖော် အတွဲ ၁ (အပိုင်း ၄)


Guests ...Park Chan Yeol (EXO), Hong Soo Hyun, Jo Se Ho, Lee Dong Wook, Lee So Ra, Na Na (After School), Park Bom (2NE1), Park Min Woo, Seo Kang Joon (5urprise), Shin Sung Woo, and Song Ga Yeon

စောင့်နေရတာလည်း မောနေပြီထင်တယ်
😃😃
လာပါပြီ
ကြည့်လို့ ကောင်းသထက်ကောင်းလာတဲ့
အပိုင်းလေးပါ
နောက်ပိုင်းမကြာအောင်ကြိုးစားပေးပါ့မယ်
.......................

အိမ်တအိမ်ထဲမှာ  သရုပ်ဆောင်.အဆိုတော်.
ဟာသာလူရွှင်တော် .အားကစားသမား စတဲ့ အနုပညာရှင် တွေ
အတူတကွနေထိုင်ပုံကို ရိုက်ကူးထားတဲ့
ရသစုံလင်အစီစဉ်ကောင်းတစ်ခုဖြစ်ပါတယ်

ကင်မရာ အလုံးပေါင်း ၆၀ တပ်ထားတဲ့ အိမ်ထဲမှာ
ဘယ်သူတွေနဲ့ ဘယ်လိုအိပ် ဘယ်လိုစားကြသလဲဆိုတာ


အခန်းဖော် ၁၁ ယောက် အတူတူ တအိမ်တည်းနေကြပြီး
အလုပ်တာဝန်တွေ ခွဲထားပါတယ်
သိပ်လည်း ညွှန်းစရာမလိုတော့ပါဘူး
အောက်က လင့်မှာ ဒေါင်းလိုက်ပါ
@ACM

Translated by Thomas Nicolas ACM
Encoded by Mar Yar

Pcloud (720p)

Wednesday, January 11, 2017

Running Man ep 333


ယှဉ်​ပြိုင်​​ဆော့ကစား ကြယ်​ပွင့်​​လေးများ (အပိုင်း ၃၃၃)




  running man အစီအစဉ်​ ရဲ့ ကျန်​ရှိ​နေတဲ့ အချိန်​ ၂ လမှာ
 တပါတ်​ဆီကို အဖွဲ့ဝင်​ဝင်​ယောက်​ရဲ့ စိတ်​ကြိုက်
 ရိုက်​ချင်​တာ ရိုက်​လို့ရတယ်​ ဆိုပြီး စီစဉ်​ပြီး ရိုက်​ကူးသွားမှာ ဖြစ်​ပါတယ်
ပထမဆုံး အပါတ်​မှာ​တော့ အဖွဲ့ဝင်​​တွေ​ရော ပရိတ်​သတ်​​တွေ​ရော
 အရမ်းကို ချစ်​ခင်​ ဂရုစိုက်​ရတဲ့ Ji hyo အတွက်​ ရည်​ရွယ်​ပြီး
Ji Hyo special ဆိုပြီးရိုက်​ကူးခဲ့ပါတယ်
ဒီအပိုင်းမှာ Ji hyo ဟာ Membership Training လုပ်​တဲ့ 
နေရာကို သွားချင်​တဲ့ ဆိုတဲ့ အတွက်​​ကြောင့်​မို့ ရိုက်​ကူး​ရေးကိုလည်း အဲ့ဒီမှာပဲ ပြုလုပ်​ခဲ့ရပါတယ်
 အဲ့ဒီမှာပဲ သူတို့ အဖွဲ့ဝင်​ ၆ ​ယောက်​ဟာ Ji hyo ဦး​​ဆောင်​ပြီး​တော့
 ဂိမ်း​တွေ​ကို ​ပျော်​​ပျော်​ရွှင်​ရွှင်​ပဲဆော့ကြပါတယ်
ညပိုင်း​ရောက်​တဲ့ အချိန်​မှာ​တော့  သူတို့​တွေဟာ  ၇ နှစ်​တာ ကာလအတွင်း​မှာ
 ဖြစ်​ပျက်​ခဲ့တာ​တွေကို တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ​ပြောဆိုကြပြီး
 တစ်​​ယောက်​ချင်းစီက သူတို့ရဲ့ ခံစားချက်​​တွေကို ဂျီဟို​ပြောပြ ​တောင်းပန်​ပြီး
စိတ်​မ​​ကောင်းတဲ့ အ​ကြောင်း​တွေ​ပြောဆိုကြ
အား​ပေးကြ ပြီး Ji hyo special ကို ရုပ်​သိမ်းခဲ့ကြပါတယ်
ကဲ ဒီ​တော့ ​နောက်​အပါတ်​မှာလဲ ဘယ်​သူ့​ရဲ့ weekend special
 ဖြစ်​မလဲဆိုတာကို ​စောင့်​စားရင်း
ဒီတပါတ်​ အပိုင်း​လေးကိုလည်း အား​ပေးကြည့်​ရှုကြပါအုံး

Translated by Ko Sai
Encoded by Pyae Sone Moe

pcloud(HD)543MB

Google,Drive(HD)

Yoteshinportal (360,480,720)

Wednesday, January 4, 2017

Running Man Ep 332


ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၃၂


တိုက်ဆိုင်စွာပဲ ဒီတစ်ပတ် ၂၀၁၇ခုနှစ်ရဲ့ ပထမဆုံးနေ့ရက်လေးက Running Man အစီစဉ်နှင့်အတူ
ကျရောက်လို့လာပါတယ်။2017 Running Man Kickoff ဆိုတဲ့ခေါင်းစဉ်လေးနှင့်အတူ နှစ်သစ်ကို
အဖွဲ့သားတစ်ဦးချင်းစီက ကြိုဆိုနှုတ်ခွန်းဆက်ရင်း နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာနဲ့အညီ
၂၀၁၇ တစ်နှစ်တာလုံးတွက် Running Man Checkupဆိုပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေကို စတင်ခဲ့ရာမှာတော့

အဖွဲ့သား တစ်ဦးချင်းစီကို Fortuneteller Park Sung Joon က လူမှုရေး စီးပွားရေး ကျန်းမာရေး အချစ်ရေးများကို
အားမနာတမ်း ဟောကြားပေးခဲ့ပါတယ်။Fortuneteller ရဲ့အပြောအဟောတွေ မှန်ကန်တိကျလွန်းလို့
ကံမကောင်းတဲ့အဖွဲ့ဝင်တချို့ မျက်စေ့မျက်နှာပျက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အချိန်ကာလနဲ့အညီ ကစားနည်းအသစ်ဆန်းတွေကို တီထွင်ဆန်းသစ်တဲ့
Running Man Variety Show ရဲ့ထုံးစံတိုင်းပဲ ဒီနှစ်က ကြက်နှစ်ဖြစ်တာနဲ့အညီ "When the Chicken Lays" ကစားနည်းနဲ့
ကံကောင်းသူတစ်ဦးထဲကို ရွေးချယ်ခဲ့ပါတယ်။
ကြက်ရုပ်ကလေးကို အလှည့်ကျ ထိပုတ်ရင်း ကိုယ့်အလှည့်မှာ ကြက်ဥဥလာခဲ့ရင် ကံဆိုးပြီးထွက်ရမှာပါ။

ဒုတိယမြောက်အစီစဉ်မှာတော့ "Find Your Soulmate" ဆိုတဲ့ခေါင်းစဉ်နဲ့ လူမှုရေးတွက်
ဆောင်ရန်ရှောင်ရန်တွေကို ဖြေကြားပေးဖို့ တဲ့ရော့ဒ်မာစတာ Lee Yoon Jung ကလာရောက်ကူညီပေးခဲ့ပါတယ်။
အဖွဲ့သားချင်း ဘယ်သူနဲ့ဘယ်သူက ပိုပြီးတော့ မိတ်ဖက်ဖြစ်မယ်ဆိုတာကို ကိန်းဂဏာန်းများနဲ့အဖြေထုတ်ခဲ့ပါတယ်။

နေ့ခင်းဘက်မှာတော့ "Press and Hide" ဆိုတဲ့ ကစားနည်းကို ၂ယောက်တစ်ဖွဲ့လိုက်ပြီး
ကျန်၎ယောက်က ပုန်းရမှာပါ။ အချိန်အမြန်ဆုံး လိုက်ရှာနိုင်တဲ့အဖွဲ့ကို အနိုင်ပေးတာဖြစ်ပြီး ပွဲစဖို့
အချက်ပေး ဘဲလ်ကိုနှိပ်ရပါမယ်။ မြန်မာလိုပြောရရင် တူတူပုန်းတမ်းကစားခဲ့ကြတာပါ။

တတိယမြောက်အစီစဉ်မှာ အဖွဲ့သားတစ်ဦးချင်းစီရဲ့ ကျန်းမာရေးကိုစစ်ဆေးပေးဖို့
Dr. Park Sung Il ကိုဖိတ်ခေါ်ခဲ့ပါတယ်။
တစ်ယောက်ချင်းစီရဲ့ မျက်လုံးအနေထား အရောင်ကွဲပြားမှုတွေကိုကြည့်ပြီး ကျန်းမာရေးတွက် ဗဟုသုတတွေကို
အသိပေးခဲ့ပါတယ်။ပွဲစဉ်တလျောက်လုံးမှာ အကြီးကျယ် ကံဆိုးခြင်းတွေနဲ့ ကျန်းမာရေးညံ့နေတဲ့ အစ်ကိုနှာခေါင်းကြီးကိုတော့
တိုင်းရင်းအားဖြည့်ဆေးတစ်ခွက်တိုက်ရင်း ကျန်းမာရေးဂရုစိုက်ဖို့ နှစ်သိမ့်ခဲ့ကြပါတယ်။

နောက်ဆုံးအစီစဉ်အဖြစ် ရရှိထားတဲ့ R Balls တွေကို ဖန်လုံးတစ်ခုထဲ ထည့်မွှေရင်း
 ရွေးချယ်ခံရတဲ့ နာမည်ပိုင်ရှင်ကို နှစ်သစ်မှာပဲ အေးချမ်းစေချင်တာလား ဒုက္ခပေးချင်တာလားမသိ
ရေနဲ့လောင်းချခံရဖို့ ကြိုတင်ပြင်ဆင်ထားပြီးRunning Man အဖွဲ့ရဲ့ နှစ်သစ်ကူးအစီစဉ်လေး ပြီးမြောက်ကြောင်းကို
SBS မှ Variety Show တာဝန်ခံတွေနဲ့အတူ Viewerများကို Happy New Yearပါလို့ . . .

(အညွှန်းကို onestar မှ ဖော်ပြထားခြင်းဖြစ်ပါသည်)

Translated by Ko Sai
Encoded by Joker.pns

Download with Pcloud (720p)
>>Race start<<

Saturday, December 31, 2016

Running Man Ep-224

ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၂၂၄



ဒီတစ်ခါ အပိုင်း 224 အကြောင်းလေးနည်းနည်းအမြည်းပေးကြည့်မယ်နော်!
မင်းသမီး Han Groo, Jeon So-min, Kwang Soo နဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ Lee Sung Kyung , MMA fighter ခပ်ချောချောလေး Sohn Ga -yeon နဲ့ အိနြေ္ဒရတဲ့မင်းသမီး Kyung Soo-Jin တို့က guest အနေနဲ့ပါဝင်ထားကြတာဖြစ်ပါတယ်။ 
Show အစမှာ သူတို့၅ယောက်နဲ့အတူ အစ်မJi Hyo ကပါ Parcelတစ်ထုပ်စီတယောက်ဝင်ရပ်နေကြပြီး ကျန်တဲ့ အမျိုးသားတွေက သူတို့ကြိုက်တဲ့ပါဆယ်ကိုရွေးပြီးပါတနာရွေးရတာပါ။ 
အစ်မJi Hyo ကတော့ဒီနေ့ မိတ်ကပ်လိမ်းပြီးလှတပတပြင်ဆင်လာတာကြောင့် 
သူနဲ့တွဲရမယ့် Big nose တောင်ရှက်သလိုလိုဖြစ်နေခဲ့ပါသေးတယ်။ 😂
အဲ့ဒီမှာ Scary team ကတော့ Spata Jong Kook နဲ့ ဖိုက်တာGa-yeon တို့အတွဲပါပဲ။ ကျန်တဲ့စုံတွဲတွေကြောက်ရမယ့်အတွဲပေါ့။ 
ပါတနာရပြီးအဝတ်မလဲရသေးခင်မှာပဲ ဝုန်းဒိုင်းကြဲပြီး မစ်ရှင်စပါလေရော...ထုံးစံအတိုင်းKwang Soo တို့ကတော့ ညစ်လိုက်သေးတာပါပဲ။တကယ်တမ်းနိုင်တာက Kookie တို့အတွဲပါ! 😁😂
ပြီးတော့ Summer Team နဲ့ Winter team ခွဲပြီး တကယ်ဆော့ရမယ့် နေရာကို ကားတွေနဲ့သွားကြပါတယ်။ 
Summer teams တွေက ရေကူးကန်ကိုသွားပြီး Winter teams တွေက Wintery Park ကိုသွားကြတာပါ
အဲ့ဒီမှာအားလုံးအူတက်အောင်ရယ်ရမယ့် ဂိမ်းစတာပါပဲ  MC Yoo နဲ့ Kwang Soo တို့ပေါင်းပြီး Kookie ကိုအနိုင်ကျင့်တာကိုလဲတွေ့ရဦးမှာပါ။ 
Winter teams တွေရဲ့ Igloo ထဲက Dance Party ကိုလဲမြူးမြူးကြွကြွကြည့်ရဦးမှာဖြစ်ပါတယ် ။ 
Gary နဲ့ Soo Jin တို့ရဲ့ My ear's candy အကကိုအားလုံးသဘောကျကြမှာပါ။အသည်းပုံအပိုင်းလေးတွေ မှန်အောင်ဆက်ရမယ့်ဂိမ်းမှာလဲ PD တွေကို complaint တက်ကြပါသေးတယ် ။ Summer team ရဲ့မစ်ရှင်ကိုသိပြီးတော့မှ သူတို့ဒီမစ်ရှင် ကိုပဲကောင်းအောင်လုပ်တော့ပါမယ်တဲ့။ 😆😂😂😂😂
ဒီလိုဒီလိုမစ်ရှင်တွေပြိးတဲ့နောက်မှာတော့ SBS building ထဲက အမေးအဖြေဂိမ်းတွေနဲ့  trampoline ပေါ်မှာခုန်ပြီး ဘက်စကတ်ဘောပစ်ရတဲ့ဂိမ်းတွေကတော့ အားလုံးအကြိုက်ဖြစ်မှာပါ။ 
Gary ကတော့ fighter လေး Ga yeon ရဲ့Low kick ကိုမြည်းစမ်းလိုက်ရပါသေးတယ်။
ကဲ...... 1 vs 5 hide and seek name tag ripping game နဲ့အဆုံးသတ်ထားတဲ့ဒီအပိုင်းမှာ ဘယ်သူက final winner ဖြစ်မလဲဆိုတာရင်ခုန်စွာနဲ့ကြည့်လိုက်ကြရအောင်ပါ။

အညွှန်းကတော့ Moe Pauk Pauk Hlaing ဖြစ်ပြီး
ဘာသာပြန်သူကတော့ ကိုစိုင်းပါ

Translated by Ko Sai
Encoded by Pyae Sone Moe
Review by Moe Pauk Pauk Hlaing 

Watch and download (720p) Google drive

Watch and download (360,480p)
Plz wait

Download pcloud (720p) (518mb)


Note: (720) ကို pcloud ကသာဒေါင်းကြပါရန်


Tuesday, December 27, 2016

Running Man ep-331


ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၃၃၁

------------------------------------

Merry Christmas အထူးအစီစဉ်တွေနဲ့ ဒီတစ်ပတ်မှာ မင်းသမီးငယ်လေး Kim So Hyunက
Christmas နတ်သမီးလေးအဖြစ်နဲ့ RM အဖွဲ့ရဲ့ အစီစဉ်တင်ဆက်သူအဖြစ် ပါဝင်လာပါတယ်။

အဓိက Mission အနေနဲ့ Christmas Race with Bad Santa ဆိုတဲ့ခေါင်းစဉ်နဲ့ယှဉ်ပြိုင်စေခဲ့ပါတယ်။
ခေါင်းစဉ်တိုင်းပဲ သူတစ်ပါးကိုနှောင့်ယှက်ရင်း အမှတ်တွေယူရမှာမို့ အဖွဲ့သားချင်း
တစ်ဦးနဲ့တစ်ဦး နောက်ပြောင်နှောင့်ယှက်နေတာကလည်း ငယ်ငယ်က ကလေးတွေလိုပါပဲ။

အဖွဲ့လိုက်ကစားမယ့် ကစားနည်းတွေကို ရမှတ်အနေနဲ့ သာမိုမီတာတစ်ခုမှာ ဒီဂရီ သတ်မှတ်ချက်တွေနဲ့
100°C ရောက်တဲ့အထိ တစ်ပွဲချင်းစီ ယှဉ်ပြိုင်သွားခဲ့ကြပါတယ်။

SBS Prism Tower in Sangam-dong မှာ ကစားပွဲ ပထမပိုင်းကိုစတင်ခဲ့ပြီး
နေ့ခင်းမှာတော့ RM အဖွဲ့နဲ့ မူကြိုကလေးငယ်တို့ အားပြိုင်ပွဲကလည်း စိတ်ဝင်စားစရာပါ။

ပွဲသိမ်းကစားနည်းအဖြစ် "Telepathy" ခေါင်းစဉ်နဲ့ အစီစဉ်တင်ဆက်သူက မေးသမျှကို
အဖွဲ့ဝင်တစ်ယောက်က ဖြေ သူ့အဖြေနဲ့ ကျန်၅ယောက်ရဲ့အဖြေ ထပ်တူညီဖို့ ဘာဆက်သွယ်မှုမှမရှိပဲ
စိတ်ထင်တဲ့အတိုင်းဖြေဆိုရာမှာတော့  . . .

RM အဖွဲ့သားတွေရဲ့ တစ်ယောက်ကိုတစ်ယောက် စည်းလုံးညီညွတ်မှုက အံ့မခန်းဖြစ်စရာပါလို့
တင်ပြရင်း ဒီတစ်ပတ် Merry Christmas ရက်သတ္တပတ်ကို ပျော်ရွှင်စွာ အဆုံးသတ်လိုက်ပါတယ်။

(အညွှန်းကိုတော့ onestar မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်)

Translated: Sai Kyaw Lynn
Encoded : Pyae Sone Moe

Watch and download(360,480,720)
>>Race Start <<


Download (720p)
>>Race start <<

Saturday, December 24, 2016

Running Man Ep-64

ယှဉ်ပြိုင်ဆော့ကစား ကြယ်ပွင့်များ အပိုင်း ၆၄


ဒီအပိုင်းကတော့အဆက်ပါ
SNSD နဲ့ Running Man တို့
ယမန်နေ့ကစုံတွဲတွေအတိုင်းယှဉ်ပြိုင်ကြရမှာပါ
မိတ်ကပ်အပြည့်နဲ့ မြင်နေရတဲ့ မင်းသမီးတွေကို
မိတ်ကပ်မပါဘဲ သဘာဝပုံစံကိုမြင်တွေရမှာပါ
နောင်ပြီး Running Man ရဲ့ ထုံးစံအတိုင်း
Couple လေးတွေနဲ့ ဘယ်လိုဂိမ်းကစားကြမလဲဆိုတာ
ကွကိုသာဒေါင်းကြည့်ကြပါ...
@ACM

Translated by Sai Kyaw Lynn 
Encoded by Pyae Sone moe

Watch and Download (360p)

Download (720p)